26 C
Yangon

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု မရာနယ်မြေ အုပ်ရေးကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC)၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ အကြီးအကဲများ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က “ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းမှုများ တည်ဆောက်သွားလိုပါသည်” ဟု ထုတ်ပြန် ပြောဆိုထားသည်။

ထို့ပြင် မရာလဲန်းကာကွယ်ရေးတပ် (MDF) သည် အာရက္ခတပ်တော် (AA) ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူပေါင်းကာ စစ်ရေးဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article