29 C
Yangon

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သရက်ချောင်းမြို့မှတဆင့် ဝင်းဝတပ်စခန်းသို့ တပ်အင်အား ဖြည့်တင်းရန်အတွက် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ ပူးပေါင်းစစ်ကြောင်းနှင့် KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ တော်လှန်ရေးပူး‌ပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၅ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article