25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အုပ်ချုပ်တဲ့ ၅ နှစ်တာကာလအတွင်း တိုင်းပြည်တိုးတက်ခဲ့တယ်ဆိုတာမျိုးကို ပြသနိုင်ဖို့ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ဘတ်ဂျက်နဲ့ကုန်သွယ်ရေးကဏ္ဍမှာ လိုငွေပြသမှုကို လျှော့ချခိုင်းပြီး စာရင်းအပြီးသတ်ချုပ်ခိုင်းနေပြန်တယ်လို့ သက်ဆိုင်ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်က မြစ်ကြီးနား လေဆိပ် နဲ့ အဆောက်အဦးတချို့ အသေခံဒရုန်း ထိမှန်ပြီး လေယာဉ်ခရီးစဉ် အားလုံး ရပ်နားထားရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နဲ့ ခရီးသွားပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအပေါ် သံသယမူနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တဲ့ နဘားတိုက်နယ် ပကဖနဲ့ ပအဖတို့ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နဲ့ အီရန်ကြား တင်းမာမှုတွေကို ဆွေးနွေးနေပေမယ့် တစ်ဖက်မှာတော့ အီရန်အနီးမှာရှိတဲ့ အရှေ့အလယ်ပိုင်းကို အမေရိကန် လေယာဉ်တင် စစ်သင်္ဘောတစ်စင်း ထပ်မံစေလွှတ်ဖို့ သမ္မတ ထရန့် ကပြင်ဆင်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article