25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို လုံခြုံရေးအရ ပိုမိုတင်းကျပ်ထိန်းချုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ် ပတ်စပို့တွေကို Digital Passport / E-Passport တွေအဖြစ် အသွင်ပြောင်း ထုတ်ဖို့ စီစဉ်နေပြန်တယ်လို့ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို ချင်းတော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်နေရာမှာ စစ်တပ်ဘက်က တော်တော်ကို အထိနာနေတဲ့အပြင် သူတို့ဆီက လက်နက်ခဲယမ်အများအပြားကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ချင်းတော်လှန်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့ မနက်အစောပိုင်းမှာတင် အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့လာပြီး ဗုံးကျဲသွာတယ်လို့ ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးတွေကို တရုတ်စစ်တပ်နဲ့ဆက်နွှယ်တဲ့ စာရင်းထဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထည့်သွင်းပြီးတဲ့နောက် အမေရိကန်အစိုးရက ချက်ချင်းပြန်လည် ရုပ်သိမ်းလိုက်ပါတယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article