27 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ပခုက္ကူ၊ လောင်းလုံး၊ တမူး၊ တနင်္သာရီ နဲ့ ဘီးလင်းတို့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင် နဲ့ စစ်တပ် သတင်းပေးလို့ သတ်မှတ်ခံရသူ အပါအဝင် ကြံ့ဖွတ်ပါတီဝင်တွေ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

– တောင်ငူခရိုင်အတွင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ သံတောင်-မြောက်ပိုင်း အထူးဒေသ ကာကွယ် ရေးတပ်ဖွဲ့ NTDF ကြား ဇူလိုင်လ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့တွေမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး အကြမ်း ဖက် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးသွားသလို ၊ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ NTDF ဆီကနေ သိရပါတယ်။

– တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ ပဝတ်ကုန်း-ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို ပုလော PDF နဲ့ မဟာမိတ် တပ်ပေါင်းစုတို့ကနေ ဇူလိုင်လ ၁၃ ရက်နေ့ ၊ မနက် ၄ နာရီခွဲ လောက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလော PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

– ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာရှိတဲ့ Kaung For you သင်တန်းကျောင်းအတွက် အွန်လိုင်းကနေ စာသင်ပေးနေသူ CDM ကျောင်းဆရာမ -ဒေါ်စိုးမြမြ ကို ဇွန်လိုင်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ် နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစု နဲ့ နီးစပ်သူတွေက အတည် ပြုပြောဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article