33 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်သယ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ သရက်ချောင်းတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ရွာလုံးကျွတ် ပြည်သူများ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လယ်သယ်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် ၏ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး တနင်္သာရီမြို့နယ် အတွင်းကို မြိတ်ဘက်မှလာသော အင်အား ၆၀၀ ခန့်ပါ စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းနေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးနှင့်မသက်ဆိုင်သော လယ်သယ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ကျေးရွာနေပြည်သူများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“တနင်္သာရီမြို့နယ်ထဲကို မြိတ်ဘက်ကလာတဲ့ အင်အား ၆၀၀ လောက်ရှိတဲ့ စစ်ခွေးစစ်ကြောင်းက စစ်ကြောင်းထိုးနေတာ တိုက်ပွဲကတော့ ဖြစ်နေတယ်။ စစ်ခွေးတွေက ၁၃ ရက်နေ့က လယ်သယ်ကျေးရွာကို မီးရှို့သွားတာ ဟုတ်ပါတယ်။ ကျနော်တို့ သိရတာတော့ နေအိမ် ၁၀၀ လောက်ပြာကျတယ်။ စစ်ရေးကတော့ ဆက်လက် တင်းမာနေတုန်းပဲ” ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး မြိတ်-ထားဝယ် လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မင်းဒပ်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာအနီးအနားကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“သရက်ချောင်းက စစ်ခွေးတွေကလည်း မြိတ်-ထားဝယ် လမ်းကို စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိတယ်။ တိုက်ပွဲမှာ အထိနာတဲ့ ခွေးတွေက ရွာတွေကို ပစ်ခတ်မှတ်ထား ဗုံးကျဲလို့ ပြည်သူတွေအကုန်လုံးကတော့ တိမ်းရှောင်နေရပြီး မြေပြင် ဖြစ်စဉ်အသေးစိတ်ကတော့ ကျနော်တို့လည်း မရသေးဘူး။ အဲဘက်တွေက ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်းမှ စစ်ကူ စစ်ကြောင်းများကိုလည်း သရက်ချောင်းမြို့နယ်အတွင်း ပို့ဆောင်နေသောကြောင့် မြေပြင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article