25 C
Yangon

ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းကို ရှင်းလင်းချေမှုန်းပြီးနောက် KIA ဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်ဆုတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းကို ရှင်းလင်းချေမှုန်းပြီးနောက် KIA ဦးဆောင်သော တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာပေးလိုက်ကြောင်း ဖားကန့်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှစတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ(ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းကို ဦးတည်၍ KIA ပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ထိုသို့ ဝင် ရောက်တိုက်ခိုက်ချိန်တွင် စစ်ကူအင်အားများနှင့် လက်နက်ကြီးပစ်ကူများမပေးနိုင် အ တွက် လုံးခင်းကျေးရွာအုပ်စု၊ ယမ်းချက်ကျေးရွာရှိ စစ်တပ်စခန်း၊ မြောက်ကုန်းရှိ စစ်တပ်စခန်းတို့ အ ပါအဝင် ဖားကန့်မြို့အနီးပတ်ဝန်းကျင်ရှိစစ်တပ်တပ်စွဲ ထားရာနေရာများကိုလည်း KIA ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း စစ်တပ်ဘက်မှ လေကြောင်းရန် သတိပေးချက်ကြောင့် ခေတ္တခဏ ရပ်နားခဲ့ပြီး ညနေပိုင်းတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံးခင်းနယ်မြေ ရဲစခန်းတစ်ခုလုံး အဆောက်အအုံတစ်လုံးမျှ ကျန်ရှိတော့ခြင်းမရှိဘဲ မှုန့်မှုန့်ညက်ညက်ကြေသွား ကြောင်း သိရသည်။

“ရဲစခန်းထဲအထိဝင်ပုံမရဘူး။ အပြင်ကနေပဲ တောက်လျှောက်ဖိအားပေးပြီးတော့ မှုန့်မှုန့်ညက်ညက် ကြေအောင် ပစ်ထည့်တာ။ အဆောက်အအုံတော့ မကျန်တော့ဘူး။ ဒီလိုအနေအထားထိ လုပ်ခဲ့တာ။ အဲလိုလုပ်ပြီးတော့မှ နေရာအသီးသီးက ပြန်ဆုတ်သွားတာ။ စစ်ကူမလာနိုင်အောင် မြောက်ကုန်း ဘက်အခြမ်းမှာတွေရော အကုန်လုံးဝိုင်းပိတ်ထားတာ ဟုတ်တယ်။ အဲဒီလိုဝိုင်းပိတ်ထားတော့ မနေ့ ညက‌ လေယာဉ်လာပြီးနောက်ပိုင်း ပြန်ဆုတ်သွားလိုက်တာ၊ ပြန်ဆုတ်သွားပြီးနောက်မှပဲ ယမ်းချက် က စစ်ကြောင်းက ထွက်လာပြီးတော့ ရဲစခန်းဝင်အားဖြည့်တာ။ ဝင်ပူးပေါင်းတာပေါ့၊ ဒါပေမယ့် ရဲစ ခန်းမှာ နေလို့မရတော့ဘူး။ ရဲစခန်းဘေးကစာသင်ကျောင်းမှာပဲ နေကြတယ်။” ဟု ဖားကန့်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပြီးနောက် စစ်ကူအဖြစ်ရောက်ရှိလာသော တပ်ဖွဲ့များတွင် SNA ရှမ်းနီတပ်ဖွဲ့ဝင်များလည်း ပါရှိလာပြီး လုံးခင်းနယ်မြေရဲစခန်းအနီး မူလတန်း စာသင်ကျောင်းအတွင်း၌လည်းကောင်း၊ ငြိမ်းချမ်းသာကျေးရွာ လမ်းမကြီးနှင့် ငြိမ်းချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းတို့လည်းကောင်း နေရာအသီးသီးယူထားကြောင်း၊ ထိုသို့ နေရာယူထားသည့် စစ် ကော်မရှင်တပ်ဖွဲ့များကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

“လက်ရှိက အကုန်လုံးပြန် ဆုတ်သွားပြီးတော့ မနေ့က အဝိုင်းခံထားရတဲ့ဟာတွေက အကုန်လုံး ဖြန့် ပြီး နေရာယူထားတာ၊ ရှမ်းနီ SNA အဖွဲ့ တွေရော ပါတယ်။ ရဲစခန်းအပြင်ဘက်တွေရော၊ စာသင် ကျောင်း အပြင်ဘက်တွေမှာရော အဖွဲ့အဖွဲ့နဲ့ စုပြီးနေရာ ယူထားကြတာ။ မနေ့က အဝိုင်းခံထားရတဲ့ မြောက် ကုန်းက စစ်ကြောင်းကလည်း ဒီနေ့တော့ ထွက်လာပြီးတော့ ငြိမ်းချမ်းသာယာရွာ လမ်းမကြီး တွေရော၊ ငြိမ်းချမ်းသာယာဘုန်းကြီး ကျောင်းကုန်းတွေမှာရော နေရာယူထားတယ်။ အဲဒီနေရာယူ ထားတဲ့ စကစ တွေကိုလည်း ဒရုန်းချနေတယ်၊ သုံးလေးလုံးလောက်ရှိ ပြီ ကြားရတာ၊ ရွာထဲဖြန့်ပြီး နေရာယူထားတဲ့ ဟာကို ဒရုန်းချတာထင်တယ်။ အသံတော့ကြားနေရတယ်။” ဟု ဖားကန့်သတင်း ရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖားကန့်မြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ စစ် တပ်၏ စခန်းများနှင့် စစ်ကြောင်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်တပ်ကလည်း ဖားကန့်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article