27 C
Yangon

ရန်ကုန်၊ မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာနကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်တိုက်ခိုက်မှု ရဲများထိခိုက်သေဆုံးမှုရှိ၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ၊ ရေဖြူ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ ရုံး ဖောက်ခွဲခံရပြီး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲထောက်ပံ့ရေးဌာနကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့က ကား ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ရဲ ၂ ဦး‌ သေဆုံးကြောင်း ဒေသခံ ပြည်သူများနှင့် သက် ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ပြောသည်။

မြောက်ဒဂုံ ရဲထောက်ပံ့ရေးဌာနကို တော်လှန်ရေးရဲဘော် သေနတ်သမားများက နံနက် ၆ နာရီ ကျော်ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲထောက်ပံ့ရေးဌာနရှေ့ရှိ ဘန် ကာကို ဦးတည် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် ၂ လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ ရဲထောက်ပံ့ရေးဌာန ဘန်ကာရဲကင်းကို တိုက်ခိုက်မှုသည် အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အရှေ့ဘက်ကမ်း နဝဒေးလမ်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျသွားကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များ ထံမှ သိရသည်။

ဖောက်ခွဲ တိုက်ခိုက်ခံရသည့် စရဖရုံး အဆောက်အဦး တစ်ခုလုံးသည် မီးလောင် ပြာကျသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးဘဲ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရေဖြူ ရဲစခန်းဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူတိုင်း ပေါက်ခေါင်းမြို့နယ် ကံကျင်းနယ်မြေရဲစခန်းကို ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်း လွတ်မြောက်ရေး အင်အားစု အဖွဲ့က ပြေ ာသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ စခန်းမှူး ပုန်းရှောင် အိမ်ယာဖြစ်သော အချုပ်သားများ ထားရှိရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ပေါက်ခေါင်းလွတ်မြောက်ရေး အင်အားစု (Paukkaung Liberation Force)၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ၊ မကွေးတိုင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး ဌာနချုပ်မှ အထူး သင်တန်း တက်ရောက်ထားသော Team-A သင်တန်းများက အရိပ်မဲ့စစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ရဲစခန်းကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း ပေါက် ကွဲခြင်း မရှိသောကြောင့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article