25 C
Yangon

ရေးမြို့နယ် အတွင်း တာဝန်ထမ်းဆောင်နေသော ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၁ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ရဲမြတ်ဝင်းကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးရမိတဲ့သူကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။ ကျနော်တို့ဒေသမှာ သတင်းတိုင်ကြားချက်အရ ဝင်ရောက်ဖမ်ဆီးတာပါ။ သူက ရေးမြို့နယ်၊ ခမရ ၅၉၁ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း ထွက်ပြေးလာတာပါ။ ၁ ဦးတည်း ဖမ်းဆီးမိခဲ့တာပါ။ ဘေနားသူ့အမျိုးသမီးပါ။ လက်ရှိမှာ ဖမ်း မိထားတဲ့သူကို ဘယ်လိုမျိုး ဆက်လက် အရေးယူဆောင်သွားမလဲဆိုတော့ ဒါကတော့မဆုံးဖြတ်ရသေးပါဘူး “ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် အသက် ၂၆နှစ်အရွယ် ရဲမြတ်ဝင်းမှာ မြိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး စစ်မှုထမ်းအဖြစ် ရေးမြို့သို့ တာဝန်ကျ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article