26 C
Yangon

မြင်းခြံမြို့နယ်၊ တဲရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ တဲရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ တပ်စွဲထားသော တဲရွာအထိုင်စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်လာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ တပ်ကူကမြို့နဲ့ နီးတော့ ရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ အဲနေရာမှာက စစ်ခွေး အင်အား ၁၅ လောက်ရှိတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ ပြည်သူတွေ အသွားအလာဂရုစိုက်ပေးကြဖို့နဲ့ စစ်တပ် စခန်း ဂိတ်တွေနဲ့ အဝေးမှာ နေဖို့ လေကြောင်းရန် အထူးဂရုစိုက်ပေးကြဖို့ ပြောချင်ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁ ၊ ၂ ၊ ၇) တပ်ရင်း များနှင့် မြင်းခြံခရိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article