30 C
Yangon

စစ်တပ်ထံသို့ လက်နက်ချ ပူးပေါင်းသွားသည့် နဂါး အခြေစိုက်ခဲ့ရာ ယင်းမာပင်ခရိုင်နှင့်ပုလဲမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ လုံခြုံရေးသတိရှိကြရန် အရေးပေါ် သတိပေး

Must read

🟥 နဂါးကျူးလွန်သည့် မုဒိမ်းမှုနှင့် လူသတ်မှုဆိုင်ရာ ရာဇဝတ်ပြစ်မှုများကို ဆက်လက် အရေးယူမည်ဟု NUG ပြည်ထဲရေးဒုဝန်ကြီး ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းတွင် စစ်တပ်ထံသို့ လက်နက်ချ ပူးပေါင်းသွားသည့် နဂါး အခြေစိုက်ခဲ့ရာ ယင်းမာပင်ခရိုင်နှင့်ပုလဲမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ လုံခြုံရေးသတိရှိကြရန် NUG နှင့် စစ်ကိုင်းဒေသမှ အရပ်ဘက်အဖွဲ့တချို့က အရေးပေါ် သတိပေးတိုက်တွန်းပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် BNRA တပ် ထူထောင်သူ နဂါး (ခ) နိုင်လင်းသည် စစ်တပ်ထံသို့ လက်နက်များ အပ်နှံ၍ မိသားစုဝင်များ၊ နောက်လိုက်အဖွဲ့ဝင်များ ခေါ်ဆောင်ကာ လက်နက်ချ ပူးပေါင်းသွားခဲ့ကြောင်း၊ BNRA တပ်ဖွဲ့ခေါင်းဆောင် နဂါး (ခ)နိုင်လင်းနှင့်အတူ စစ်ရေးတာဝန်ခံ ကိုလတ် နှင့် နဂါး၏ ယောက်ဖဖြစ်သူ ကိုဖြိုး တို့မှာလည်း စစ်တပ်ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

“အခုပဲ ပုလဲနယ်ဘက်မှာ ဗုံးကျဲတိုက်ခိုက်မှုတွေလည်း ရှိလာတဲ့ သဘောရှိပါတယ်။ မနေ့ သူလက် နက်ချအညံ့ခံသွားပြီး သိပ်မကြာခင်မှာပဲ ပုလဲနယ်ဘက်မှာ ဗုံးကျဲတာတွေရှိခဲ့တယ်။ ဒါ့အပြင် ဒီထက် ထပ်ပြီးတော့ ပေါက်ကြားနိုင်တာတွေလည်း အများကြီးရှိနိုင်တာပေါ့။ ကျနော်တို့ကြားရတဲ့ သတင်း အချက် အလက်တွေအရ ဗိုလ်နဂါးနဲ့အတူ သူ့ယောက်ဖတစ်ဦးရယ်။ နောက်ပြီးတော့ လူယုံတစ်ဦး ကိုသက်နဲ့ ကိုဖြိုးဆိုတဲ့ နှစ်ယောက်လည်း ပါသွားတယ်လို့လည်း သိရတယ်။ သူတို့နဲ့ပတ်သက်ဆက် နွှယ်နေတဲ့သူတွေကိုလည်းပဲ ကျနော်တို့တွေ သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြေပြင်မှာရော အွန် လိုင်းပေါ်ကနေ ဆက်သွယ်ဖူးကြတာတွေရော ဒါတွေအကုန်လုံးကတော့ အထူးသတိထားပြီးတော့ ဆောင်ရွက်ကြဖို့ မြေပြင်မှာလိုအပ်တဲ့ ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ပုလဲနယ်ဘက် မှာ ဆိုရင် ၂ မျိုးပေါ့၊ စစ်ကြောင်းထိုးတာတွေ နောက်ပြီးတော့ နေရာဒေသအချို့ကို လေကြောင်း တိုက်ခိုက်တာမျိုးတွေ ဒီကာလမှာ ခပ်စိပ်စိပ်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့ ဒါတွေကိုလည်း အထူး သတိထားနေထိုင်ကြဖို့ ညွှန်ကြားထားတာရှိပါတယ်” ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် NUG တပ်များက ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA) တပ်ဖွဲ့ဝင်ရဲဘော်အချို့ကို လက် နက်များနှင့်တကွ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည့်အပြင် BNRA တပ်ဖွဲ့ဝင်အချို့ ၁၅၀ ဦးခန့် သည် လည်း ပြည်သူ့ကာကွယ်ရေးတက်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် လက်နက်အပ်နှံခြင်းများ ပြု လုပ်လျက် ရှိနေပြီဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဗိုလ်နဂါးအနေနဲ့ကတော့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ လူသိများတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့အခါကျတော့ ဒီ ၅ နှစ်အတောအတွင်းမှာလည်း ဒေသတွင်းမှာ အထူးသဖြင့် တော့ ယင်းမာပင်ခရိုင် အတောအတွင်းမှာ တော်လှန်ရေးအင်အားစု အတော်များများနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့ဖြစ်စဉ်တွေလည်းရှိတာပေါ့။ အခုချိန်မှာ သူက စစ်ကောင်စီနဲ့ ပူးပေါင်းတယ်၊ ဝင် ရောက်သွားတယ်၊ ခိုလှုံသွားတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်လာတော့ လတ်တလောအခြေအနေမှာ ဒေသတွင်းက သူနဲ့ဆက်စပ်ဖူးတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေ၊ တော်လှန်ရေး လှုပ် ရှားမှုတွေ ၊ နောက်အထိုင်နေရာတွေ၊ တည်နေရာတွေပေါ့၊ ဒါတွေ အားလုံးတော့ လုံခြုံရေး အရ ကျိုးပေါက်သွားပြီလို့ ကျနော်ကတော့ ဒီလိုပဲ ခံစားရတယ်။ ဒါ့ကြောင့်တတ်နိုင်သမျှ အမြန်ရွှေ့ ပြောင်းကြဖို့နဲ့ လုံခြုံရေးကို စနစ်တကျ ပြင်ဆင်ကြဖို့ အထူးလိုအပ်မယ်ထင်ပါတယ်။” ဟု စစ် ကိုင်းဖိုရမ်မှ အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောဆိုသည်။

နဂါးအနေဖြင့် အကြမ်းဖက်စစ်တပ် ပူးပေါင်းပြီးနောက် ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီး ကျေး ရွာများဖြစ်သော အင်မထီး၊ ဇီးဖြူကုန်းရွာတို့ရှိ ပျူစောထီးများကို ပြန်လည် ဦးဆောင်လာနိုင်သလို စစ်တပ်စစ်ကြောင်းများကို သူကိုယ်တိုင်ဦးဆောင်၍ ထိုးဖောက်ဝင်လာနိုင်ကြောင်း၊ ထို့ကြောင့် တော် လှန်ရေးအင်အားစုများအနေဖြင့် လုံခြုံရေးအထူးဂရုစိုက်နေရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း သုံးသပ်ပြောဆိုကြသည်။

“အကြမ်းဖက်စစ်တပ်နဲ့အခုလို ပူးပေါင်းသွားတဲ့အပေါ်မှာ ဖြစ်လာနိုင်စရာ၊ စဉ်းစားစရာတွေကတော့ အမျိုးမျိုးရှိတာပေါ့။ သူအခြေပြုရာ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ အင်မထီး၊ ဇီးဖြူကုန်းတို့ ပျူရွာတွေ ရှိတယ်၊ ဒီပျူရွာတွေမှာ သူပြန်လည်ရောက်ရှိလာပြီးတော့ ပျူရွာတွေကို ခေါင်းဆောင်ပြီးတော့ တော် လှန်ရေး အင်အားစုတွေကို ချေမှုန်းမလားပေါ့၊ ဒါကလည်း စဉ်းစားစရာ တစ်ချက်ပေါ့၊ နောက်စဉ်း စားစရာရှိတာက အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတွေကိုပဲ သူကိုယ် တိုင်ဦးဆောင်ပြီးခေါ်လာ မလားပေါ့၊ ဘာလို့ဆိုရင် နေရာတွေတော်တော်များများက နယ်မြေခံ တစ်ယောက်ဖြစ်နေတာဆို တော့ ဒါမျိုးလည်း စဉ်းစားလို့ရနိုင်တယ်။ ဒါမှမဟုတ်ပြည်သူ့စစ်အဖွဲ့၊ မြင်းခြံက သီတာယုမွန်လိုမျိုး ပေါ့၊ ပျူစောထီးလိုလို ပြည်သူ့စစ်လိုလို အဖွဲ့တွေ ဖွဲ့ပြီးတဲ့အခါကျတော့ ပြန်လည်ဝင်ရောက်လာ မလား ဆိုတဲ့ တွက်ဆချက်တွေလည်း အများကြီးရှိတာပေါ့။ ဘယ်လိုပဲဖြစ် ဖြစ် ဒီလိုဖြစ်သွားတဲ့ ကိစ္စ ကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့က အထူးသဖြင့် တော့ တော် လှန် လက်နက်ကိုင် အဖွဲ့ တွေအနေနဲ့ကတော့ ကင်းသတင်းမပြတ် လုံခြုံရေး သတိရှိရှိနဲ့ အရမ်းကိုသတိထားရမယ့် အချိန် ရောက်သွားပြီလို့ မြင်ပါတယ်။” ဟု စစ်ကိုင်းဖိုရမ်အဖွဲ့ဝင် ကိုစိုးဝင်းဆွေက သုံးသပ်ထား သည်။

နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များမှာ မုဒိမ်းမှုကျူးလွန်သည်ဟု စွပ်စွဲကာ လူသတ်အလောင်း ဖျောက်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် မင်းထက်နိုင်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် မှု၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်းအမှု၊ အသက် မပြည့် သေးသည့် အမျိုးသမီးငယ် ၂ ဦးအား ကျူးလွန်သည့် မုဒိမ်းမှု၊ ဥယျာဉ်နယ်မြေအတွင်းရှိ ဆင်မ ပိုးအိစံ ကို သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများအား ရိုက်နှက်ဖမ်းဆီးမှု ၊ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ PDF ရဲဘော် ကတုံးအား သေ နတ်ဖြင့် ပစ်သတ်မှုတို့ ကျူးလွန်ခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နဂါးမှာ စစ်တပ်နှင့်ပူးပေါင်းသွားသော်လည်း ၎င်းကျူးလွန်သော ပြစ်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီက ပြောဆိုသည်။

“အမှုဖွင့်ထားပြီးသားတွေကို စစ်ဆေးပြီး တရားစွဲဆိုဖို့ လုပ်ရမှာပါ။ အမှုမဖွင့်ရသေးတဲ့ အချို့ တိုင် ကြားစာတွေကို အမှုဖွင့်ဖို့လုပ်ဆောင်သွားမှာပါ။ လိုအပ်တဲ့တစ်ချို့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ရ ပါဦးမယ်။ အမှုနဲ့ပတ်သက်ပြီး ဖမ်ဆီးထားတဲ့သူတွေလည်းရှိပါတယ်။ အချို့လည်း မမိသေးပါဘူး။” NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ရာဇဝတ်ပြစ်မှုများအား သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် ဆောင်ရွက်ရာတွင် ကျူးလွန်သူများအား စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လွှဲပြောင်းအပ်နှံပေး ရန် အကြောင်းကြားခဲ့ သော်လည်း ၎င်းတို့ဘက်မှ ကျူးလွန်သူများအား လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိ ခဲ့သဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ အကူ အညီရယူကာ နဂါးနှင့်အဖွဲ့ဝင်များကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article