31 C
Yangon

ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည့်ဝကျေးရွာအနီးရှိ အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဂန့်ဂေါမြို့နယ်၊ အမှတ် ၃၇၁ အမြောက်တပ်မှ တပ်သား သန့်ဇင်အောင်က MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်အတောင့် ၇၀ နှင့်အတူ ထွက်ပြေးလာပြီး ဂန့်ဂေါခရိုင် တပ်ရင်းတစ်ခုဖြစ်သည့် YRA ထီးလင်းတပ်ဖွဲ့၏ စခန်းတစ်ခုသို့ ဖေ ဖော် ဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက သန္ဓေစစ်သားပါ။ ကြိုပြီးချိတ်မထားတော့ ကြားထဲကနေ အဆက်အသွယ်ရပြီးမှ တော်လှန် ရေး တပ်ဖွဲ့တွေက လိုက်ရှာပြီး သွားခေါ်ရတာ။ လမ်းမှာ ၅ ရက်လောက်ကြာသွားတယ်။ ဂန့်ဂေါ၊ ပြည့်ဝအမြောက်တပ်ဆိုတာ ဂန့်ဂေါမြို့နဲ့ ၂ မိုင်လောက်အကွာမှာရှိပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် စစ်သားကို YRA ထီးလင်းတပ်ဖွဲ့ ဝင်များက နွေးထွေးစွာကြိုဆိုခဲ့ပြီး အစစအရာရာ ကူညီစောင့်ရှောက်ပေးထားကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်းတန်ဖိုးငွေကိုလည်းချီးမြှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ စစ်သုံ့ပန်း ၁၁၁ ဦး ဖမ်းဆီးရမိပြီး အလင်းဝင်ပူးပေါင်းလာသည့် စစ်သားနှင့် ရဲ ၊ ပြည်သူ့စစ် ၁၄ ဦးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၉၀၃ ဦးအထိ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article