30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီးဖြစ်ပေါ်လာမယ့် ကြံ့ဖွတ်အစိုးရကို KIO/KIA အနေနဲ့ လုံးဝလက်မခံဘူးလို့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အဖွဲ့ထဲမှာ ပြစ်မှုမကျူးလွန်ထားတဲ့တပ်ဖွဲ့ဝင် တွေရှိရင် သူတို့စိတ်ဆန္ဒအရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်နိုင်အောင် စီစဉ်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ဂျပန်အစိုးရက ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာပြည်က ရွှေ့ပြောင်းခိုလှုံသူတွေအတွက် ဆေးဘက် ဆိုင်ရာအကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ ဂျပန်ဘက်က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယားတရားရုံးဟာ သမ္မတဟောင်းယွန်းဆော့ယောလ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး ကြေညာပြီး အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့အမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ “တစ်သက်တစ်ကျွန်း” ထောင်ဒဏ် အမိန့်ချမှတ်လိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article