36 C
Yangon

ပုလောမြို့နယ်၊ စစ်တပ်တပ်စွဲထားသော တောင်ခေါင်းလောင်းရွာစစ်စခန်းနှင့် တောင်ယာကမ်းရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တောင်ခေါင်းလောင်းရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်တပ်တပ်စွဲထားသော တောင်ခေါင်းလောင်းရွာစစ်စခန်းနှင့် တောင်ယာကမ်းရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တောင်ခေါင်းလောင်းရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့နှင့် ထား ဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်း၍ ပုလောမြို့နယ်၊ တောင်ခေါင်းလောင်းကျေးရွာ ရှိ အင်အား ၂၇ ဦးရှိသော စစ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စခန်းကို ဒရုန်းများဖြင့် တော်လှန်ရေးတပ်များက ဗုံးကျဲခဲ့ပြီး စစ်တပ်ကလည်း လက် နက်ကြီး ၇ လုံးဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၂၃ မိနစ်အချိန်တွင် စခန်းကို အပိုင်သိမ်းပိုက် နိုင်ခဲ့ကြောင်း ထို ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား အားလုံးစခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ နံနက် ၈ နာရီ ၂၃ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်စခန်းကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် Jet fighter ၁ စီးဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ပြီး ထို စစ်တပ်စခန်းမှ ၆၀ မမ ဗုံး ၁၀ လုံး၊ အီတာဂါ ၂ လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေး အရှင်ဖမ်းမိတာမျိုး မရှိပါဘူး။ စခန်းစွန့်ခွာ ထွက်ပြေးကြပါတယ်။ နေရာမှာတင်သေဆုံးတာရှိသလို ဆုတ်ခွာပြီးမှသေ ဆုံးတာလည်းရှိပါတယ်။ အဲ့ဒီလောက် အစောကြီးပြေးတာတော့ လွန်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာစစ်စခန်းကိုလည်း KNLA အထူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တောင်ခေါင်းလောင်းကျေးရွာတွင် စခန်းသိမ်းပွဲ ကျင်း ပနေသဖြင့် အထူးတပ်ဖွဲ့က စစ်တပ်ကို အာရုံလွှဲရန် ရည်ရွယ်ချက်ဖြင့် အင်အား ၄၀ ခန့်ရှိသော တောင် ယာကမ်းကျေးရွာ စစ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ တောင်ယာကမ်းကျေးရွာ စစ်စခန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က အင်အား ၈ ဦးပါ ပွိုင့်ဖိုက်လက်နက် တပ်ဆင်ထားသော Vigo ကားတစ်စီးဖြင့် စစ်ကူ လာပေးခဲ့သည့်အပြင် စစ်တပ်က ဒရုန်းဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်များဘက်မှ အထိအခိုက်မရှိကြောင်း သိရှီရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို အထူးတပ်ဖွဲ့နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ KNLA Special Forces အဖွဲ့က တော်လှန်ရေးအောင်မြင်ရန်အတွက် စစ်ကောင်စီအဖွဲ့ကို အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများကို ဖော်ဆောင်လုပ်ကိုင်နေမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ် တပ်စွဲထားသည့် နေရာနှင့် အနီးတစ်ဝိုက်များတွင် နေထိုင်ခြင်း မပြုလုပ်ရန် KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ထပ်မံ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article