28 C
Yangon

မုံရွာမြို့ပေါ်တွင် စစ်တပ်က ကား ၅ စီးဖြင့် ယနေ့ ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၃၀ ကျော် အဖမ်းခံရ၊ တောင်ကြီးမြို့တွင်လည်း စစ်တပ်က လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ကား ၅ စီးဖြင့် ယနေ့ ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၃၀ ကျော် အဖမ်းခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် မုံရွာမြို့ထဲမှ အကြမ်းဖက် စစ်တပ်၏ ကား ၅ စီးသည် ပြည်ထောင်စုလမ်း၊ မုံရွာစက်မှုဇုန် ၁ မှ လမ်းသွားလမ်းလာ ပြည်သူ ၃၀ ကျော်ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မုံရွာမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးခံရ‌သော လူငယ်များကို အကြမ်းဖက် စစ်တပ်က မည်သည့် နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရှိရသည်။

“မုံရွာမြို့ထဲကနေ ဒီနေ့ ညနေပိုင်းမှာ ထွက်လာသော ပေါ်တာဆွဲ စစ်ခွေးကား ၅ စီးက ပြည်ထောင်စုလမ်း၊ မုံရွာစက်မူဇုန် ၁ က လမ်းသွားလမ်းလာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး မုံရွာမြို့ထဲ ပြန်ဝင်ရောက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNO က ပူးပေါင်းပြီး ၁၀ ရက်တာအတွင်း လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဗထူးစစ်သင်တန်းကျောင်းသို့ ပို့ခံလိုက်ရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကပြီး တောင်ကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် PNO ပူးပေါင်း အဖွဲ့များက လူငယ် ၅၀ ဦးကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဗထူးစစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် ၈ ဦး၊ မင်္ဂလာရာမကျောင်းတိုက်အနီး တွင် ၅ ဦး၊ စစ်စံထွန်းဈေးအရှေ့ဘက် တာဝါတိုင်အနီးတွင် ၂ ဦး၊ ချမ်းမြေ့ View Point တွင် ၃ ဦး၊ ရွှေ တောင်အနောက်ခြမ်းရှိ ဆောက်လုပ်ရေးတွင် ဆောက်လုပ်ရေးလုပ်သား ၁၀ ဦး၊ ကံသာ နိဗ္ဗာန် လမ်း ဆုံ မီးပွိုင့်အနီးတွင် ၅ ဦး၊ အမှတ် ၂၁၂ စစ်တပ်တောင်ဘက်ပေါက် ဖရဲအတက်အနီးတွင် ၂ ဦး၊ ရတနာ သီရီ အထက်တန်းကျောင်း ၉ အနီးတွင် ၁ ဦး၊ မီးပုံးပျံကွင်းအနီးတွင် ၃ ဦးတို့ပါသွားပြီး စုစု ပေါင်း လူ ဦးရေ ၅၀ ကျော်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဖမ်းဆီးခံရမှုများထဲတွင် လုပ်ငန်းရှင် အသိုင်းအဝန်းမိသားစုမှ လူငယ် ၂ ဦး ပါဝင်ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း၊ Non CDM ဝန်ထမ်းများ၏ သားသမီး များလည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ကို လိုက်လံရွေးထုတ်နေရကြောင်း သိရသည်။

“ဒီလထဲ တောင်ကြီးမှာ လူငယ် ၊လူလတ်ပိုင်းတွေကို ပေါ်တာဆွဲလို့ ပါကုန်တာ အယောက်ငါး ဆယ် ကျော်နေပြီ။ တချို့တွေဆို ရပ်စောက်က ဗထူး စခသင်တန်းကျောင်းကိုတောင် ရောက်ကုန်ပြီ။ ပေါ် တာဆွဲတဲ့ပုံစံကလည်း အရင်လိုမဟုတ်တော့သလို စစ်မြေပြင်မှာသုံးတဲ့ ကင်းထောက် Droneတွေ နဲ့ အရင်ဆုံး ရပ်ကွက်ထဲ ကင်းထောက်တယ်။ လမ်းပေါ်မှာ လူပြတ်ပြီး ပတ်ဝန်းကျင်တိတ်ဆိတ်နေတဲ့ နေရာမျိုးမှာ ရှိနေတဲ့သူတွေကို အဓိက ရွေးဖမ်းတာ၊ မဖမ်းခင် ၁၅ မိနစ် ကျော်တဲ့ထိ စောင့်ကြည့်ပြီးမှ probox တွေ wish တွေနဲ့ ဖမ်းသွားတာ။ ဘာမှအော်ခွင့်မရှိဘူး၊ ည ၈ နာရီကနေ ၁၁ နာရီအတွင်းမှာ ဆွဲတယ်။ ရပ်ကွက်ထဲက ပြည်သူအချို့က ပေါ်ဆွဲနေတာတွေကို မြင်ပေမယ့် လာဆွဲတဲ့ စခ ရခ တွေ က ခင်ဗျားတို့နဲ့မဆိုင်ဘူး ဝင်မပါနဲ့ ခင်ဗျားတို့ကိုပါ တခါတည်းခေါ်သွားရမလားဆိုပြီး ခြိမ်းခြောက် လို့ ဘာမှ မပြောရဲကြဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article