30 C
Yangon

ဟားခါးတွင် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုတို့ကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် လျှပ်စစ်ဝန်ထမ်း ၁ ဦးတို့ သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုတို့ကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် လျှပ်စစ်ဝန်ထမ်း ၁ ဦးတို့ သေဆုံးသွားကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ဟားခါးမြို့နယ်၊ စင်ခွာ (Cinkhua) ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်အရွယ်ရှိ Lucas Vel Tha Bawi မှာ ပြင်းထန်သော ပေါက်ကွဲသံကြောင့် ထိတ်လန့်မေ့မြောသွားပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈၂ နှစ်အရွယ် ဦးသတ်လွိုင်နှင့် ၅၂ နှစ်အရွယ် ဒေါ်ဆွေလှေ တို့လည်း ဒဏ်ရာရရှိခဲ့ပြီး ဟားခါးမြို့တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က “ကမ္ဘာကြီးက စောင့်ကြည့်နေချိန်မှာ စစ်တပ်က ကောင်း ကင်ယံကို လက်နက်သဖွယ်အသုံးချပြီး ကလေးငယ်တွေကို သတ်ဖြတ်နေတယ်” ဟု သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအပေါ် စစ် တပ်က လက်တုံ့ပြန်သည့်အနေဖြင့် ဟားခါးမြို့လျှပ်စစ်ဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် အသက် ၃၁ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်း ဦးဗန်ဆွီအုပ်လာလ် (Mr Van Sui Uk Lal) ကို ဦးခေါင်းတည့်တည့် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူမှာ ဖလမ်းမြို့မှ ဟားခါးသို့ စစ်ဘေးရှောင်လာသော လျှပ်စစ်ဝန်ထမ်း ၁ ဦးဖြစ်ပြီး ဇနီးနှင့် ၁ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ချင်းအမျိုးသားနေ့တွင် စစ်တပ်က ဖလမ်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်းနှင့် ဟားခါး-ဖလမ်း လမ်းမပေါ်ရှိ ကျေး ရွာများကို လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article