30 C
Yangon

ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ် မြေ အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးထက် မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

“မနေ့ညက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် -မပခ ထဲက မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရတဲ့ နောက် ဆက်တွဲအနေနဲ့ လာကျဲတာလို့ ယူဆရပါတယ်။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အခုလေကြောင်းတိုက် ခိုက်မှုနဲ့ပတ်သက်လို့ အထိအခိုက်ရှိတယ်လို့ မကြားမိပါဘူး” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီကျော်အချိန် မြစ်ကြီးနားလေဆိပ်အတွင်းသို့ ဒရုန်းဗုံး ကျ ရောက်ပေါက်ကွဲခဲ့ရာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်တစ်စင်းကို တိုက် ရိုက်ထိမှန်ခဲ့ပြီး လေယာဉ်အစိတ်အပိုင်း ပျက်စီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လုံခြုံရေးအခြေအနေ အရ မြစ်ကြီးနားလေဆိပ်ကို ယနေ့မှစတင်ကာ နောက်ထပ် ၃ လကြာအထိ ယာယီပိတ်သိမ်းထား မည်ဖြစ်ကြောင်း သက်ဆိုင်ရာထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အရပ်ဘက်လေယာဉ်ကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA စစ်ရေးသတင်းရင်းမြစ်ကို ဆက်သွယ်ရာ KIO/KIA အနေဖြင့် အရပ်ဘက်လေဆိပ်နှင့် အရပ်ဘက် လေယာဉ် တိုက်ခိုက်စရာ အကြောင်းလုံး၀ မရှိဘဲ စစ်တပ်က KIA အပေါ် ပြည်သူများ အထင်လွဲစေ ရန် စနစ်တကျ လုပ်ကြံ ကြံစည်မှုဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“မြစ်ကြီးနားမှာ မြစ်ဆုံစီမံကိန်း စဖို့ လူထုတွေ့ဆုံပွဲဆိုတာကို လာလုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ KIA အနေနဲ့က အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး။ အရပ်ဘက်လေယာဉ်ကို တိုက်ခိုက်ပြီးတော့ KIA အပေါ် လူထုကို အထင်လွဲစေအောင် လုပ်ကြံတာမျိုးပဲ” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article