30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ၇၈ နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားလုပ်ချိန် CDF ဟားခါးက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ခွေး ပြေး ဝက်ပြေးထွက်ပြေးတိမ်းရှောင်သွား တယ်လို့ CDF ဟားခါးရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက် စစ်တပ်က ကား ၅ စီးနဲ့ မနေ့က ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် လူငယ် ၃၀ ကျော် အဖမ်းခံရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

လက်နက်တွေနဲ့အတူ ပျောက်ဆုံးနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ BNRA စစ်ကြောင်းမှူး ကိုလတ်နဲ့ အပေါင်းအပါ ၄ ဦးဟာ အကြမ်းဖက်စစ်တပ်ဆီမှာ လက်နက်ချ ပူးပေါင်းသွားတယ်လို့ ပုလဲမြို့နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။

အမေရိကန်တရားရုံးချုပ်က သမ္မတထရန့်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့်မှုကို ပယ်ချလိုက်ပေမဲ့၊ သမ္မတထရန့်ကတော့ အလျှော့မပေးတဲ့အပြင် တရားရုံးကိုပါ ပြန်လည်တိုက်ခိုက်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article