29 C
Yangon

ဖယ်ခုံမြို့နယ်၊ လွယ်ပေါစျေးဆိုင်ခန်းများကို စစ်တပ်က ဖောက်ထွင်းပြီး စာခြောက်ရုပ် စစ်သားများကို ကင်းချထားခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာရှိ စျေးဆိုင်ခန်းများကို စစ်တပ်က ဖောက်ထွင်းပြီး စာခြောက်ရုပ်စစ်သားများကို ကင်းချထားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၄ ရက်နေ့ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ တောင်ကြောပေါ်တွင်ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က နယ်မြေရှင်းလင်းခဲ့ကြောင်း၊ စစ်တပ်သည် နန်းပေါ်လုံ၊ လွယ်ပေါနှင့် လွယ်မကူးတောင်ပေါ်တို့တွင် လက်ရှိအချိန်ထိ တပ်စွဲထားသော်လည်း စာခြောက်ရုပ်စစ်သားများကို ကင်းချထားပြီး လွယ်ပေါစျေး ဆိုင်ခန်းများကို ဖောက်ထွင်းဖျက်ဆီးထားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article