32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– NUG ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားပြီး ပြန် လည် ခန့်အပ်မှုမရှိသေးပဲ ၊ အရေးယူမှုတွေ ဆက်တိုက်လုပ်ဖို့ ရှိနေပါတယ်လို့ NUG ပြည်ထောင် စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

– ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်က ဖလူး၊ မင်းလက်ပံ နဲ့ လေးကေကော်ဘက်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲနေမှုကြောင့် ပြည်သူတွေလည်း ဘေးလွတ်ရာတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– တနင်္သာရီတိုင်း ၊ မြိတ်-ထားဝယ် လမ်းပိုင်းမှာလည်း အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကုန်ကားနဲ့ ခရီးသွားကားတွေဟာ ၁၄ ရက်ကြာ ပိတ်မိနေသလို ၊ မြင်းခြံ-ညောင်ဦး လမ်းပိုင်းမှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကား ၂ စီးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး အသီးသီး သေကုန်ကြပြီလို့ ဒေသတွင် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘဂ်လားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ဂျာမနီဘောလုံးအသင်း နဲ့ အာဆင်နယ် အသင်းတို့ ရဲ့ ကစားသမားဟောင်း ကမ္ဘာကျော် ဘောလုံးသမား အိုဇေးလ် ကိုယ်တိုင် သွားရောက်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article