31 C
Yangon

မလေးရှားတွင် မြန်မာအချင်းချင်း ဓားဖြင့် ၂၉ ချက်ထိုးသတ်ခဲ့သည့် မြန်မာစားဖိုမှူးတစ်ဦးကို လူသတ်မှုဖြင့် တရားစွဲဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မလေးရှားနိုင်ငံ၊ Port Dickson မြို့ရှိ တရားရုံးတွင် ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော မြန်မာ နိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ စားဖိုမှူးအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ဦးကို ယနေ့တွင် လူသတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း မလေးရှားမှ လာသော သတင်းများအရ သိရသည်။

တရားစွဲဆိုခံရသူမှာ အသက် ၂၁ နှစ်အရွယ် မောင်သုခညီတ (Maung Thuka Nyita) ဖြစ်ပြီး၎င်းကို တရားသူကြီး Mohd Farez Rahman ရှေ့မှောက်တွင် စွဲချက်များ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

လူသတ်မှုဖြစ်စဉ်များမှာ အထက်တရားရုံး (High Court) ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည့် အတွက် ယနေ့တွင် တရားခံ၏ ဝန်ခံထွက်ဆိုချက်ကို မှတ်တမ်းတင်ခဲ့ခြင်း မရှိသေးပေ။

စွဲချက်စာလွှာအရ အဆိုပါတရားခံမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီ နှင့် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်အကြား Jalan Besar Bukit Pelandok ရှိ ဆိုင်ခန်းတစ်ခု၏ အပေါ်ထပ်အခန်း တွင် အသက် ၂၆ နှစ်အရွယ်ရှိ ဇာဘီမြတ်ခိုင် (Zar Bi Myat Khaing) ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ချက်များအရ သေဆုံးသူ မြန်မာအမျိုးသားသည် လည်ပင်းတွင် ဓားဒဏ် ရာပေါင်း ၂၉ ချက်အထိ ပြင်းထန်စွာ ရရှိခဲ့ပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို ၎င်း၏သူငယ်ချင်းဖြစ်သူက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

တရားခံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါကသေ ဒဏ် သို့မဟုတ် ထောင်ဒဏ် အနှစ် ၃၀ မှ ၄၀ အတွင်း ကျခံရနိုင်သည့်အပြင် သေဒဏ်မချမှတ်ပါက အနည်း ဆုံး ကြိမ်ဒဏ် ၁၂ ချက် အရိုက်ခံရမည့် ပြစ်ဒဏ်များ ကျရောက်နိုင်မည်ဖြစ်သည်။

အစိုးရရှေ့နေက တရားခံမှာ နိုင်ငံခြားသားဖြစ်ခြင်းနှင့် ပြစ်မှုမှာ ကြီးလေးလွန်းခြင်းတို့ကြောင့် အာမခံ ပေးရန် ကန့်ကွက်ခဲ့သည်။

တရားရုံးကလည်း အာမခံပေးရန် ငြင်းဆိုခဲ့ပြီး၊ မြန်မာဘာသာစကားပြန် စီစဉ်ရန်နှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက် အစီရင်ခံစာများ ရယူနိုင်ရန်အတွက် လာမည့် မတ်လ ၃၁ ရက်နေ့ ကို ပြန်လည်ရုံးချိန်း ပေးလိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article