By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းကာလ ၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တွေ၊ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေအပါအဝင် နိုင်ငံရေးရာထူးယူခဲ့သူအားလုံးကို မင်းအောင်လှိုင်က နိုင်ငံရေးပင်စင်နဲ့ ဆုကြေးတွေ ပေးမယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောထားပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းက ဝန်ထမ်းတွေ ရသင့်တဲ့ ထောက်ပံ့ကြေးတွေကို ဖြတ်ယူသုံးစွဲတာ၊ နယ်မြေထဲက တရားမဝင် ရွှေလုပ်ငန်းတွေဆီကနေ လိုင်စင်မဲ့ကားတွေကို အာဏာသုံးပြီး တောင်းယူစီးနင်းတာစတဲ့ လာဘ်ပေးလာဘ်ယူမှုအမျိုးမျိုး လုပ်နေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကွေးတိုင်း အောင်လံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် (ခေါ်) စိန်ကုလား လိုက်ပါလာတဲ့ယာဉ်တန်းကိုဝင်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ယောက်ကို အရှင်ဖမ်းမိပြီး သေနတ်တစ် လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့က ပြောပါတယ်။
-ရေနံပိုက်လိုင်းရဲ့ ရုရှားနိုင်ငံထဲက ရေနံစုပ်စက်ရုံတစ်ခုကို ယူကရိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦး ဖေဖော်ဝါရီ ၂၃ ရက် မှာ ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




