26 C
Yangon

မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် မီးဘေး လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာရှိ စတားလင့် အင်တာနက် အသုံးပြုနေသော နေရာနှင့် ဆီကျိတ်စက်ပေါ်ကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရွှေကျောင်းကန်ရွာတွင် နေထိုင်သော ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

“မနေ့က ၂၃ ရက်နေ့က ညပိုင်း ၇ နာရီခန့်မှာ မုံရွာ နမခကနေ စစ်တပ်လေထီး ၂ စီးနဲ့ စစ်ခွေးတွေက ဗုံးလာကျဲသွားတာပါ။ စတားလင့် အင်တာနက်ဆိုင်နဲ့ ပဲခွဲစက် ဆီကျိတ်စက် ပေါ်ကိုကျသွားတာပါ။ ပြည်သူ ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာက ၅ ဦးပါ။ နေအိမ်ပျက်စီးတာတော့ အတိကျမသိရသေးဘူး။ သေဆုံးသူတွေထဲမှာ လူကြီး ၇ ဦးနဲ့ ကလေး ၂ ဦးပါတယ်” ဟု မြင်းမူမြို့နယ် မီးဘေး လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article