26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်နိုင်ငံထဲက ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအားလုံး ငွေသားအသုံးပြုမှု ဖြစ်နိုင်သမျှ လျှော့ချဖို့ အကြမ်းဖက် စစ်တပ်ရဲ့ ဗဟိုဘဏ်ကနေ အတင်းအကျပ် ဖိအားပေးနေပြီး ၊ စစ်တပ်က ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်လာနေတဲ့အတွက် ငွေသားကို ရာခိုင်နှုန်းပေး ထုတ်ယူရတဲ့ မှောင်ခိုစျေးကွက် ကြီးထွားလာနေတယ်လို့ UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က ကတိပြု ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာရှိတဲ့ ကညင်မြိုင်ကျေးရွာမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စ ငွေကြေးအကြွေးတောင်းရာကနေ တစ်ဆင့် စစ်တပ်လက်အောက်ခံတွေဖြစ်တဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့နဲ့ ဝရမ်းပြေးပြည်သူ့စစ်ဟောင်းတရားခံတို့ အပြန်အလှန် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဝရမ်းပြေး ပြည်သူ့စစ်ဟောင်း တခါတည်းသေသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခခတ်သစ်ကို ပြောပါတယ်။

အမေရိကန် အနေနဲ့ အီရန်နဲ့စစ်ဖြစ်ရင် “အလွယ်တကူ” အနိုင်ရမယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောဆိုလိုက်ပြီး အမေရိကန်စစ်ဗိုလ်ချုပ်ကြီးရဲ့ သတိပေးချက်တွေကို ပယ်ချလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article