24 C
Yangon

ထိုင်းလေတပ်ဦးစီးချုပ်နှင့် PTTEP စွမ်းအင်ကုမ္ပဏီ CEO တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ထိုင်းလေတပ်ဦးစီးချုပ်နှင့် PTTEP စွမ်းအင်ကုမ္ပဏီ CEO တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော်လည်း စစ်တပ်က သတင်းထုတ်ပြန်သည်ကို မတွေ့ရပေ။

ထိုင်းလေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Marshal Punpakdee Pattanakul သည် ထိုင်းတော်ဝင် လေတပ်၏ ATR လေယာဉ်ဖြင့် ယမန်နေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ယနေ့တွင် နေပြည်တော်သို့ သွားရောက်ပြီး ယနေ့ ညနေပိုင်းတွင် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အလားတူ ထိုင်းစွမ်းအင်ကုမ္မဏီဖြစ်သော PTTEP ၏ CEO ဖြစ်သူ Mr. Montri Rawanchaikul (မွန်ထရီ ရာဝမ်ချိုင်ကုလ်) မှာလည်း ယနေ့တွင် နေပြည်တော်သို့ ဆိုက်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းလေတပ်စစ်ဦးစီးချုပ် ရောက်လာတာကတော့ ဒီနေ့ သတင်းထဲမှာ မတွေ့ရသေးဘူး။ PTTEP ကုမ္ပဏီ CEO လည်းရောက်လာတယ်။ ဘာအတွက်လာလဲတော့ မသိရသေးဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုင်းလေတပ်စစ်ဦးစီးချုပ်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ တရားဝင် ချစ် ကြည်ရေး အဖြစ် လာရောက်ခဲ့ဖူးသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ထိုင်းလေတပ်စစ်ဦးစီးချုပ်နှင့် မြန်မာစစ်တပ်ဘက်မှ လေတပ်ဦးစီးချုပ်တို့ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article