24 C
Yangon

အထူးတိုင်းစစ်ဌာနက တပ်ရင်းသစ် ၃ ရင်း ထပ်တိုး ဖွဲ့စည်းလိုက်ပြီး စစ်တပ်ကို အနိုင်တိုက်ခိုက်ရန် အင်အား၊ တိုက်စွမ်းရည်နှင့် စိတ်ဓာတ်မာကြောမှုများ လိုအပ်၍ စနစ်တကျ စုစည်းခြင်းဖြစ်ဟု ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပြည်သူကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာနက တပ်ရင်းသစ် ၃ ရင်း ထပ်တိုး ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ခိုက်ရန် အင်အား၊ တိုက်စွမ်းရည်နှင့် စိတ်ဓာတ်မာကြောမှုများ လိုအပ်၍ စနစ်တကျ စုစည်းခြင်းဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းစံပြုတည်မြဲအမိန့်နှင့်အညီ အမှတ် (၈၀၀၂) တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနှင့် အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDF တပ်ရင်း ၃ ရင်းကို အထူးတိုင်းစစ်ဌာနက ထပ်တိုး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်သူကို အနိုင်တိုက်ဖို့ အင်အား၊ တိုက်စွမ်းရည်နဲ့ စိတ်ဓာတ်မာဖို့လိုပါတယ်။ အဲဒီအတွက် MOD/PDF အောက် ရှိပြီးသားအင်အားတွေကို ပြန်လည် မွန်းမံစုဖွဲ့ရတာရှိသလို ကွပ်ကဲမှုအောက်မရှိသေးတဲ့ တပ်တွေကိုလည်း စနစ်တကျစုစည်းတာဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကွပ်ကဲမှုအောက်မှာ COC မိမိနဲ့ တပ်တွေခိုင်ခိုင်မာမာ စုစည်းနိုင်ဖို့ရည်ရွယ်ပါတယ်” ဟု အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းအတည်ပြုခဲ့ခြင်းဖြစ်ပြီး အထူးတိုင်းစစ်ဌာနစတင် ဖွဲ့စည်းချိန်တွင် တိုင်းစစ်ဌာနအောက် နည်းဗျူဟာ ၅ ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိကြောင်း၊ တိုင်းစစ်ဌာနအနေဖြင့် MOD စစ်ရုံးချုပ်နှင့် အမှတ် ၁ စစ်ဆင်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကိုလည်း စနစ်တကျစုစည်း၍ တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အမှတ် (၈၀၀၁) တပ်ရင်းနှင့် အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article