24 C
Yangon

မုန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ မုန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မုန်းမြို့နယ်၊ နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီးများဖြင့် ငနွားဆိပ်ကျေးရွာ အတွင်းကို ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် ဦးစိုးလင်းခိုင် နှင့် အသက် ၁၅ နှစ်အရွယ် မောင်မြင့်ခိုင် တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ကညင်ကျွန်းကျေးရွာအတွင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဝင်း၊ အသပ် ၅၉ နှစ်အရွယ် ဒေါ်ဌေးလှိုင်နှင့် အသက် ၄၃ နှစ်အရွယ် ဒေါ်မြဝင်းတို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်က သမိန်အင်းကုန်းကျေးရွာအတွင်းကိုလည်း ၈၁ မမ လက်နက်ကြီး ၈ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ထပ်မံပျက်စီးခဲ့ပြီး ကျောက်တံခါးဘက်မှ အကြမ်းဖက် စစ်တပ်ကလည်း ဒရုန်းဖြင့် ဖျံတလင်းကျေးရွာ အတွင်းကို ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်း နေထိုင်သော အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေသော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် ပစ္စည်းများ နေ့စဉ်နှင့် အမျှ ထိခိုက် ပျက်စီးမှုများ ကြုံတွေ့နေရပြီး စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article