30 C
Yangon

စစ်တပ်ကို သိက္ခာကျစေရန် လူမှုကွန်ရက် အသုံးပြု ထိုးနှက်တိုက်ခိုက်နေ၍ တပ်တွင်း စည်းလုံးညီညွတ်ရေး တည်ဆောက်ရမည်ဟု အကြမ်းဖက် စိုးဝင်း ပြောပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်တပ်ကို သိက္ခာကျစေရန် လူမှုကွန်ရက် အသုံးပြု ထိုးနှက်တိုက်ခိုက်နေ၍ တပ်တွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအောင် တည်ဆောက်ရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။

ယမန်နေ့ ပြုလုပ်သော တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁၂၉ သီဟတပ်ခွဲသင်တန်းဆင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မျက်မှောက်ကာလတွင် ဆန့်ကျင်ဘက်လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် စစ်သားနှင့် မိသားစုဝင်များအကြား မှန်ကန်သည့် အသိအမြင်နှင့် ယုံကြည်ချက်များ ခိုင်မာစေရေးအတွက် တပ်တွင်းစည်းလုံးညီညွတ်ရေးကို အလေးထားတည်ဆောက်ရမည်ဖြစ်ကြောင်း စိုးဝင်းက ပြောဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးသာမက တပ်ပြင်စည်းလုံးညီညွတ်ရေး (ခေါ်) တပ်ပြင်စည်းရုံးရေးကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တပ်ပြင်စည်းလုံးရေးညီညွတ်ရေးအဖြစ် ပြည်သူ့ကျင့်ဝတ် ၁၀ ပါး လိုက်နာရေး၊ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့်အညီ စံနမူနာပြ နေထိုင်ကျင့်ကြံကြရန်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး: ပြည်သူများအပေါ် ဘေးအန္တရာယ် ကျရောက်လာပါက လူသားချင်းစာနာမှုအပြည့်ဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားအဖြစ် မိမိတို့ တာဝန်ကျရာ နယ်မြေအလိုက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးမှုများ လုပ်ဆောင်ကြရန် စိုးဝင်းက ဆိုသည်။

တပ်တွင်း/တပ်ပြင်စည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်သွားကြရမည်ဖြစ် ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာစေရန်အတွက် လက်အောက်စစ်သည်များနှင့် မိသားစုဝင်များအပေါ် မိသားစုသဖွယ်၊ ညီအစ်ကိုမောင်နှမသဖွယ် ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်တွင် စည်းလုံးညီညွတ်မှုနှင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားနိမ့်ကျသွားသည်နှင့်အမျှ အခြားနိုင်ငံများ၏ ထိပါးစော်ကားခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို ခံရမည်ဖြစ်ကြောင်း အကြမ်းဖက် စိုးဝင်းက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article