28 C
Yangon

ကန့်ဘလူမြို့ပေါ်တွင် စစ်တပ်က ရိက္ခာပြတ်လပ်နေ၍ ကုန်ကား အစီး ၆၀ ကျော်ကို ဖမ်းဆီးကာ ပစ္စည်းအားလုံး သိမ်းယူသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရိက္ခာပြတ်လပ်နေ၍ ကုန်ကား အစီး ၆၀ ကျော်ကို ဖမ်းဆီးကာ ပစ္စည်းအားလုံးကို သိမ်းဆည်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရေကြည်ဦးရွာအနီးတွင် ပြည်သူပိုင် ကုန်ကား အစီး ၆၀ ကျော်ကို စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ကုန်ကား အစီး ၆၀ ကျော်ကို ကန့်ဘလူမြို့ပေါ်သို့ ယူဆောင်သွားကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပစ္စည်းအားလုံးကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်သည် ရိက္ခာ ပြတ်လပ်နေ၍ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းမှ ဖြတ်သန်းသွားလာသော ကားများကို ဆက်တိုက် ဖမ်းဆီးပြီး ကုန်ပစ္စည်းများကို စိတ်ကြိုက် သိမ်းယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကန့်ဘလူနဲ့ ခင်ဦး အစပ်က ရေကြည်ဦးရွာမှာ တပ်စွဲထားတာ သူတို့က ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို စိုးမိုးချင်လို့ အဲရွာမှာ အထိုင်ချထားတာ လမ်းပိုင်းစိုးမိုးရေးဆိုတာထက် အခုချိန်မှာ ကန့်ဘလူမြို့ပေါ်က စစ်ခွေးတွေ ရိက္ခာပြတ်လပ် နေလို့ အဲလမ်းကနေလာတဲ့ ကားတိုင်းကို လိုက်ဖမ်းပြီး ပါသမျှ ပစ္စည်းအကုန်သိမ်းတာ ၂၄ ရက်နေ့ကလည်း ကုန်ကား အစီး ၆၀ ကျော်ကို စစ်ခွေးတွေက ဖမ်းပြီး ကန့်ဘလူမြို့ပေါ်ကို ဖမ်းဆီးခေါ်သွားတာ အဲလိုဖမ်းပြီးနောက်နေ့မှာ ကုန်ကားပေါ်မှာ ပါသမျှ ပစ္စည်းတွေ အကုန်လုံးကို သိမ်းယူသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်အုပ်စုက စိုးမိုးထားပြီး မြို့အဝင် အထွက်လမ်းအားလုံးကို ပိတ်ဆို့ထား၍ ပြည်သူများ အဝင်အထွက် လုပ်ဆောင်၍ မရကြောင်း၊ ယင်းသို့ ပိတ်ဆို့ထားခြင်းကြောင့် ပြည်သူများလည်း ကုန်ပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရပြီး ဆား တစ်ပိဿာ ၇ ထောင်အထိ ပေးဝယ်နေရကြောင်း၊ ဓာတ်ဆီနှင့် စက်သုံးဆီများသည်လည်း ဈေးကြီးပေးမှသာ ရောင်းချပြီး လိုသလောက် ဝယ်ယူခွင့်မရကြောင်း သိရသည်။

ထို့ပြင် ကန့်ဘလူမြို့ပေါ်တွင်လည်း လျှပ်စစ်မီးပျက်နေသည်မှာ ၂ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ၂၀၂၀၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်ထိ ပြတ်တောက်နေကြောင်း၊ ကန့်ဘလူမြို့ပေါ်တွင် စစ်တပ်နှင့် ဝါသ၀ ဘုန်း​ကြီး ဦးဆောင်သော ပျူစောထီးများက အဓိက စိုးမိုးထားကာ မြို့ကို လေးဘက်လေးတန် ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ တပ်သားတချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article