28 C
Yangon

မိုးဗြဲမြို့အနောက်ခြမ်းကျေးရွာများသို့ စစ်တပ် နှင့် PNO ပြည်သူ့စစ်များက စစ်ကြောင်းထိုးနေ၍ စစ်ရေးအခြေအနေ တင်းမာနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ကရင်နီတော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းသတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် မိုးဗြဲမြို့ရှိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့ စစ် များက စစ်ကြောင်း ၄ ကြောင်းဖြင့် အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနှင့် လွယ်ယင်းမင်္ဂလာ ကျေး ရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။

“လောလောဆယ် တိုက်ပွဲတော့ငြိမ်နေတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ စခတွေ တက်လာ တယ်။ မိုးဗြဲဘက်ကနေ တက်လာတာ၊ စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးလာတာ။ အဲဒါကြောင့် ထိတွေ့ တိုက်ပွဲဖြစ်တာ။ ၁ နာရီ ၂ နာရီလောက်တော့ကြာတယ်။ တိုက်ပြွဖြစ်ပြီးတော့ လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ပတ်ထုနေတာ။ စခတွေဘက်က ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ ပြည်သူတွေ ထိ ခိုက်မှုရှိတယ်လို့လည်း မကြားမိဘူး။ လက်ရှိကတော့ စစ်ရေးတင်းမာနေတုန်းပဲ” ဟု ကရင်နီတော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းသတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဘက်မှ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေးတင်းမာလျက်ရှိပြီး အချိန် မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် (MBPDF) ကလည်း ထုတ် ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများမှ ကန့်သတ်ထားသည့် နယ်မြေ များအတွင်းသို့ ဖြတ်သန်းသွားလာခြင်း (လုံးဝ လုံးဝ) မပြုလုပ်ကြပါရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် (MBPDF) က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article