28 C
Yangon

ရေနီမြို့အရှေ့ဘက်ခြမ်းရှိ နေပြည်တော် PDF (၈၀၂) ရှေ့တန်းစခန်းကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်၊ စစ်သား ၆ ဦးဝန်းကျင် သေဆုံးပြီး PDF ၁ ဦးကျဆုံး၊ ၁ ဦး ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ပဲခူးတိုင်း၊ ရေနီမြို့အရှေ့ဘက်ခြမ်းရှိ နေပြည်တော် PDF (၈၀၂) တပ်ရင်း၏ ရှေ့တန်းစခန်းကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ညနေပိုင်းတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦး ဝန်းကျင် သေဆုံးကာ PDF ၁ ဦးကျဆုံး၊ ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နေပြည်တော် PDF (၈၀၂) ထံမှ သိရှိရသည်။

”ကျနော်တို့ရှိနေတဲ့နေရာကို စစ်ခွေးတွေက စစ်ကြောင်း ၃ ကြောင်းထိုးပီး ဝင်ပစ်တာ၊ ကျနော်တို့ လူတစ်ယောက်ကျသွားတယ်။ အဲ့တာနဲ့ ပစ်ခတ်ကြရင်း ကျည်မလောက်နဲ့ပြန်ဆုတ်လာကြတယ်၊ ဆိုင်ကယ် ၂ စီးနဲ့ လက်နက် ၂ လက်ပါသွားတယ်” ဟု နေပြည်တော် PDF (၈၀၂) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နေပြည်တော် PDF တပ်ဖွဲ့ဝင် ၁ ဦးမှာ မကြာသေးမီက အဖမ်းခံခဲ့ရပြီး ၎င်းကို လူသားဒိုင်းလုပ်ကာ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။

“အဖမ်းခံရတဲ့ ၁ ယောက်ကတဆင့် စခန်းနေရာ သိသွားတာပေါ့၊ သူ့ကိုလည်း ကြိုးတုပ်ပြီး ခေါ်လာတာတွေ့တယ်။ စစ်သား ၆ ဦးထက်မက သေတယ်ဆိုတာက ကျနော်တို့ ဆုတ်ပြီးတော့မှ ပြန်ကင်းထောက်ပြီးတော့ သိတာ” ဟု နေပြည်တော် PDF (၈၀၂) တပ်ရင်း တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓါတ်ပံဒ – နေပြည်တော် PDF (802) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article