31 C
Yangon

ညောင်ဦးတွင် စစ်တပ်က တောင်ယာလုပ်ကိုင်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှု အလွန်ဆိုးရွားလာ ၊ မုံရွာမြို့တွင်လည်း စစ်တပ်က ဒိုင်နာကားများဖြင့် ၂ ရက်ဆက်တိုက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တောင်ယာလုပ်ကိုင်နေသူများကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ညောင်ဦးမြို့နယ်အတွင်းရှိ သူကောင်းတည်ကျေးရွာနှင့် အောက်ညဉ့်ကျေးရွာမှ ထွက်လာသော တောင်ယာလုပ်ကိုင်သည့် လူငယ်များကို နေ့စဉ် စောင့်ဆိုင်း၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကြောင့် ပြည်သူများသည် တောင်ယာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် သူကောင်းတည်ကျေးရွာမှ လူငယ် ၃ ဦးနှင့် အောက်ညဉ့်ကျေးရွာမှ လူငယ် ၂ ဦး ဖမ်းဆီးခံထားရပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရှိရသည်။

“ညောင်ဦးမြို့နယ်ထဲက သူကောင်းတည်ကျေးရွာနဲ့ အောက်ညဉ့်ကျေးရွာတွေမှာ စစ်ခွေးတွေက ရွာပြင်ကို တောင်ယာ ထွက်လုပ်တဲ့ ပြည်သူတွေကို စောင့်ဆိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးလို့ လူငယ် ၅ ဦး အဖမ်းခံရတယ်။ အခုထိလည်း ဘယ်နားမှာ ဖမ်းခေါ်သွားလဲ မသိသေးဘူး။ ပြည်သူတွေလည်း တောင်ယာမလုပ်ရဲတော့လို့ စားဝတ်နေရေး ခက်ခဲကုန်တယ်။ အလုပ်ရှိတဲ့သူတွေလည်း အလုပ်တောင် မသွားရဲတဲ့အထိ ဖြစ်ကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဒိုင်နာကားများဖြင့် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်ရှိ လမ်းဆုံ၊ ရပ်ကွက်နှင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ဒိုင်နာကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးမှုကြောင့် အသက် ၂၅ နှစ်အရွယ်မှ အသက် ၃၅နှစ် အရွယ် အမျိုးသား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“စစ်ခွေးတွေက ညပိုင်းမှာ ရပ်ကွက်ထဲကို ဧည့်စာရင်း ဆိုပြီး စစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးသွားတာတွေရှိတယ်။ လူငယ်တော်တော်များများ ပါသွားတယ်လို့ သိရတယ်။ ပြည်‌ထောင်စုလမ်း၊ သာစည်လမ်း၊ ရွှေဝါရောင်လမ်း၊ စက်မှုလမ်း၊ နန္ဒဝန်လမ်း၊ အာနည်လမ်းတွေမှာ ကားရပ်ပြီး စစ်ခွေးတွေက လူငယ်တွေကို ကားပေါ်ကို ဆွဲတင်သွားတယ်။ ဒိုင်နာကားအပြည့်ပဲ ပေါ်တာဆွဲတာဆွဲသွားတာ” ဟုဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article