29 C
Yangon

ရန်ကုန်၊ စမ်းချောင်းမြို့နယ်တရားရုံးကို ဗုံးဖြင့် ပစ်ခတ်သော်လည်း မပေါက်ကွဲ၊ ရွှေပြည်သာ ည/၁၁ ရပ်ကွက်ရုံး ပေါက်ကွဲမှု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ အခိုင်းအစေ ၄ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်တရားရုံးကို မြို့ပြပျောက်ကျားပူးပေါင်းတပ်ဖွဲ့ ဗုံးဖြင့် ပစ်ခတ်သော်လည်း မပေါက်ကွဲကြောင်း အဆိုပါအဖွဲ့များထံမှ သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် စမ်းချောင်းမြို့နယ်မြို့နယ်တရားရုံးကို Brave Eagles(UG) အဖွဲ့နှင့် PDF Sanchaungက ပူးပေါင်း၍ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ရာတွင် ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ကြောင်း၊ Brave Eagles(UG)အနေဖြင့် စစ်ကောင်စီ အုပ်ချုပ်ရေး စီပွားရေး လူမူရေးပစ်မှတ်များကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့်ပတ်သက်သော နေရာများကို ရှောင်ရှား ကြရန် အသိပေး ပြောဆိုသည်။

“ပစ္စည်းက ချို့ယွင်းတော့ နှစ်လုံးပစ်ပေမယ့်လည်း Mission တော့ Fail သွားခဲ့တယ်” ဟု ရန်ကုန်မြို့ပြပျောက်ကျား တော်လှန်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ယနေ့ ညနေ ၄ နာရီကျော်အချိန် ရွှေပြည်သာ မြို့နယ် ည၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးရုံးက ဝန်ထမ်းများအပြင် မဲစာရင်းလုပ်မည့် စစ်ကောင်စီ လက်ပါးစေများ အပါအဝင် လူ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရွှေပြည်သာသတင်းရင်းမြစ်နှင့်ဒေသခံတစ်ဦးက ပြောသည်။

“ထိသွားတဲ့သူတွေက ရပ်ကွက်ရုံးမှာ ခေါ်ခိုင်းတဲ့ အခိုင်းအစေလို့ပဲ ပြောရမယ်။ မြင်နေကျ မျက်နှာတွေပဲ။ ၄ ဦးတော့ ထိသွားတယ်။ သွေးတွေတော့ အိုင်ကျန်ခဲ့တယ်။ တစ်ဦးက အခြေအနေမကောင်းဘူးလို့ သိရတယ်” ဟု ရွှေပြည်သာ ည ၁၁ ရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက ပြောဆိုသည်။

ရွှေပြည်သာမြို့နယ်တွင် စစ်တပ်က မကြာခဏ ဆိုသလို ဧည့်စာရင်းစစ်ခြင်း၊ လူငယ်များကို ဖမ်းဆီးရိုက်နှက်ညှဉ်းပန်း ခြင်းများ လုပ်ဆောင်နေပြီး ရပ်ကွက်ရုံးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ထိုသို့ လုပ်ဆောင်မှုများတွင် အဓိက နေရာမှ သတင်းပေး ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article