29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရေစကြိုမြို့နယ် ချစ်သူရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၅ ရက်နေ့က ဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်တွေကပစ္စည်းတွေကို ခိုးယူလုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

– မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ ဇူလိုင်လ ၁၅ ရက်နေ့ က စစ်ကော်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်စဉ် ယာဉ်တန်းမှ ဗိုလ်တစ်ဦး ကြောက်လန့်ပြီး ထွက်ပြေး ရာက ကားတိုက်သေဆုံးခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်ပါတယ်။

– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာရွာမှာ စစ်တပ်နဲ့ပျူစောထီးတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ် စက်နေတဲ့အတွက် PDF က ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

– မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းမှာ မနေ့က လင်မယားရန်ဖြစ်ရာကနေ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article