By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုပျက်ယွင်းသွားမယ်ဆိုရင် တော်လှန်ရေးကို ဆက်ပြီးဆောင်ရွက်ဖို့ မလွယ်တော့ဘူးဆိုတာကို သတိထားကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ အီရန်ကြားစစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် မြန်မာ နိုင်ငံရဲ့ ပြည်တွင်းစျေးကွက်အထိပါ ရိုက်ခတ်မှုတွေ စတင်ပေါ်လာနေပြီး စက်သုံးဆီအရောင်းဆိုင် တချို့မှာ ဆီပြတ်လပ်တယ်လို့ပြောပြီး မရောင်းချတာတွေ ကြုံတွေ့နေရတယ်လို့ ရန်ကုန်နဲ့ မန္တလေးက ပြည်သူတချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းအဖွဲ့ဝင်တချို့နဲ့အတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းလွှတ် တော်ဥက္ကဋ္ဌနဲ့ တိုင်းဝန်ကြီးတချို့လည်း လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေပြင်းထန်လာလို့ ကာတာက LNG ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာ့ ဓာတ်ငွေ့ ဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်နေပါတယ်။ ကမ္ဘာ့ LNG တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းကို တာဝန် ယူထားတဲ့ ကာတာနိုင်ငံဟာ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့ သတင်း အပါ အဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




