ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်တွင် ” လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” ကြွေး ကြော်သံဖြင့် ယနေ့ ချီတက် ဆန္ဒပြကြသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS ၊ လူ့ဘောင်သစ်လူငယ်_YNS ၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC ၊ ပုဇွန်တောင်-ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ_PBYSC ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ နဲ့ တာမွေမြို့နယ်သပိတ်ကော်မတီတို့မှ ပူးပေါင်းပြီး ” လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာသားပါ ဘန်နာအားကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားကြခြင်းဖြစ်သည်။
Photo-Assistance Association for Myanmar-based Independent Journalists