32 C
Yangon

မိုးကောင်းမြို့နယ်စည်ပင်ရုံးကို ကြက်ပေါင်းခေါက်ဆွဲ ချိုင့်ပို့သည်ဟုဆိုကာ မိုင်းထည့်သွင်း အခွဲခံရပြီးနောက် ရုံးနှင့်ရဲစခန်းများတွင် ပါဆယ်၊ ထမင်းချိုင့်၊ အထုပ် များကို မသင်္ကာလျှင် လက်မခံရန် နှင့်ဖမ်းဆီးစစ်ဆေးရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်စည်ပင်ရုံးကို ကြက်ပေါင်းခေါက်ဆွဲချိုင့် ပို့ သည်ဟုဆိုကာ မိုင်းခွဲခံရပြီးနောက် ရုံးနှင့်ရဲစခန်းများတွင် ပါဆယ်၊ ထမင်းချိုင့်နှင့်အထုပ်အပိုးများကို မသင်္ကာလျှင် လက်မခံရန် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် မိုးကောင်းမြို့နယ်စည်ပင်သာယာရေးရုံး ဦးစီးအရာရှိ ဦးမျိုးသန့်ဇင်၏ ရုံးခန်းအတွင်းရှိ စတီးချိုင့် ၅ ဆင့် မှ ပေါက်သွားကြောင်း၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် Mask တပ်ထားသည့် အရပ် ၅ ပေ ၆ လက်မခန့်ရှိ လူတစ်ဦးက ဝါဆိုသင်္ကန်းကပ်၍ AD ထံသို့ စတီးချိုင့် ၅ ဆင့်အား လာပို့ကြောင်း ပြောဆို၍ တာဝန်ကျ ဝန်ထမ်း ဒေါ်လှစုစံက လက်ခံယူထားခဲ့ကြောင်း၊ ယင်းနောက် ဦးစီးအရာရှိ ဦးမျိုးသန့်ဇင်ထံ ဆက်သွယ်ရာ ဝါဆိုသင်္ကန်း ကပ်ဆက်သွယ်ထားခြင်းမရှိ၍ “အဲ့ဒီချိုင့်က ဘာချိုင့်လဲ အန္တရာယ်များတယ်” ဟု ပြောကြားသဖြင့် ဖွင့်ကြည့်ရာ ချိုင့်အတွင်း ဝါယာကြိုးများတွေ့ရှိရသဖြင့် ထွက်ပြေးကြကြောင်း၊ ယင်းနောက် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်ကြောင့် ရုံး၊ ရဲစခန်းဝင်းအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် တာဝန် ကျ ဝန်ထမ်းများက စိစစ်ရန်နှင့် ရဲစခန်းများတွင် ချုပ်နှောင်ထားသော တရာခံများနှင့် တရားရုံးထုတ် တရားခံများကို ဧည့်တွေ့လာရောက်တွင်လည်း ကောင်း ၊ အစားအသောက်၊ ပါဆယ်ထုပ်နှင့် အထုပ်အပိုးများကို စိစစ်ရန် နှင့် မသင်္ကာပါက လက်မခံရန် ၊ လိုအပ်ပါက ဖမ်းဆီးစစ်ဆေးရန်၊ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article