32 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

တရုတ်နိုင်ငံက KIA ကို မြန်မာ စစ်တပ်နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ထပ်မံ အကြံပြုလာပေမယ့် အမှန်တကယ် နိုင်ငံရေးအပြောင်းအလဲဖြစ်နိုင်တဲ့ ဆွေးနွေးမှုမျိုးရှိမှသာ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောဆိုထားပါတယ်။

စစ်တပ်ကို သေတဲ့အထိ ချစ်ခင်နေမယ်လို့ ကြွေးကြော်ထားတဲ့ လူသတ် ထောင်ထွက် သရုပ်ဆောင် မင်းအုပ်စိုး ကို သူချစ်ခင်တဲ့ စစ်တပ်ကပဲ လက်နက်ကိုင်ဆောင်မှုနဲ့ သူ့ကို ပြန်လည် ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်က ဒါးလက်ချောင်း စစ်သုံ့ပန်း အကျဉ်းစခန်းကို အကြမ်းဖက် စစ်တပ်ကပဲ သူ့လူတွေပေါ်ကို ပြန်ပြီး လေယာဉ်နဲ့ ဗုံးကျဲသွားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ စစ်တပ်အရာရှိကြီးအပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး အသီးသီး‌သေကုန်ကြပြီလို့ သိရပါတယ်။

အမေရိကန် – အစ္စရေး နဲ့ အီရန်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သိပ်မလိုတော့ ဘူးလို့ သမ္မတဒေါ်နယ်ထရမ့် က ပြောဆိုခဲ့တဲ့အချိန်မှာပဲ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကလည်း အီရန် အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article