ရန်ကုန်၊ ဇူလိုင် ၁၇
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် BUKBU FC ဖိတ်ခေါ်ချစ်ကြည်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ဘောလုံး အသင်း ၆ သင်း ယှဥ်ပြိုင် ကစားနေကာ တစ်သင်းကို ကိုရီးယားဝမ် ငါးသိန်းထည့်ဝင်ကာ မြန်မာကျပ်ငွေသိန်း ၅၀ ခန့်ကို အနိုင်ရရှိသော အသင်းမှ ကြိုက်နှစ်သက်ရာ နွေဦး တော်လှန်ရေး PDF တပ်ဖွဲ့များကို ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ကြွရောက်လာသော ဒယ်ဂူး ဆရာတော်ကလည်း နွေဦးတော်လှန်ရေး ရန်ပုံငွေ များများထောက်ပံ့နိုင်ရေး အတွက် တောင်ကိုရီးယားနိုင်ငံတွင် ပုံစံမျိုးစုံနှင့် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ငွေကြေး များများ ထောက်ပံ့သွားလျှင် မြန်မြန်အောင်ပွဲရနိုင်ကြောင်းအဖွင့်အမှာ စကားပြောကြားခဲ့သည်ဟု သိရသည်။