By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ တအာင်းတပ်မတော် (PSLF/TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေရာ အဲ့ဒီပဋိပက္ခကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို TNLA က တရားဝင်တောင်းခံလိုက်ပါတယ်။
-မြန်မာစစ်တပ်က ဦးစီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တွေဟာ လွတ်လပ်ပြီး တရားမျှတမှု လုံးဝမရှိဘဲ မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်လက်ထောက်ခံသွားမယ်လို့ ဗြိတိန်နိုင်ငံ (UK) သံအမတ်ကြီး Eleanor Sanders က ပြောလိုက်ပါတယ်။
-မကွေးတိုင်း၊ သရက်မြို့နှင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို နေအိမ်နှင့် လုပ်ငန်းခွင်တွေအထိ ဝင်ရောက်ကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
အမေရိကန်က ယူအေအီးနိုင်ငံထဲကနေတစ်ဆင့် အီရန်ကို တိုက်ခိုက်နေတယ်လို့ အီရန်က ပြောလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




