24 C
Yangon

Kaung For you ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ရှောင်တိမ်းရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်၊ တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးမည့်သူ စာရင်းပြုစုထား

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

Kaung For you တွင် စာသင်ရန်နှင့် အလုပ်လျှောက်ထားခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ရှောင်တိမ်းကြရန် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးနှင့် တက်ကြွလှုပ်ရှားသူများက အရေးပေါ် သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

လက်ရှိတွင် စစ်တပ်က Kaung For You တည်ထောင်သူနှင့် ဆရာ ၂ ဦးကို ဖမ်းဆီးပြီးနောက် အချက်အလက်များအားလုံး ၎င်းတို့၏ လက်ထဲရောက်ရှိသွားပြီဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးရမည့်စာရင်းများကို ပြုစုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

“Kaung For Youရဲ့Founderဖြစ်တဲ့ ဆရာကောင်းသိုက်စိုးအဖမ်းခံရကြောင်း MRTVမှာကြေညာသွားပါတယ်။ အဲ့ဒီအတွက် ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ပေးကြပါ။ ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ကနေနှိုးဆော်ခဲ့တဲ့အတိုင်း Telegram/Viber GroupများထဲကနေLeaveလုပ်ထားကြပြီး User name တွေ၊ Profile Photoတွေကိုပြောင်းပေးထားကြပါ။ မိဘတွေအနေနဲ့K4Uကိုပေးထားတဲ့ဖုန်းနံပါတ်တွေကိုခဏစွန့်​ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြပါ။အတတ်နိုင်ဆုံးကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုထိန်းသိမ်းထားပါ။ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါ။ Kaung For Youကဆက်သွယ်ခဲ့သောPhoneများကိုရော၊ အယောင်ဆောင်ဖုန်းများအားလုံးကိုBlack list(သို့မဟုတ်)Blockထားကြပါ။ Kaung For Youနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအတတ်နိုင်ဆုံးဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”ဟု အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။

CDM ဗိုလ်ကြီး Captain Zero ကလည်း “K4Uမှာစာသင်တဲ့ဆရာ ၊ ဆရာမတွေ ရှောင်ကြဖို့လိုပါပြီ ။ အခုပဲ ဆရာမတစ်ယောက်အိမ်ကိုလာရှာတာ ကံကောင်းလို့ အဲ့ဆရာမလွတ်သွားပါတယ် ။ Dataအစုံအလင် စကစလက်ထဲရောက်သွားပြီမို့ မပေါ့ကြပါနဲ့တော့ ။ မိသွားရင် ခေါင်းစဉ်မျိုးစုံတပ်ပြီး အမှုကြီးနဲ့အဖွင့်ခံရမှာပါ ။ ကျေးဇူးပြုပြီး K4Uနဲ့ပတ်သက်သူတွေ ကျွန်တော့်ဒီpostမှာ ဝင်မမန့်ပါနဲ့နော် ။ စာကိုမြင်တာနဲ့ တန်းရှောင်ပါ” ဟု သတိပေးချက်တစ်ရပ်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article