30 C
Yangon

မန္တလေးတွင် ရွှေဆိုင်နှင့်ဘဏ်ဓားပြတိုက်မှုများ ထိန်းမနိုင်တော့၍ အကြမ်း ဖက် စစ်ကောင်စီက အစည်းအဝေးခေါ်ယူ၊ လုံခြုံရေး အစီအမံများ ရှင်းပြမည်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မန္တလေးတွင် ရွှေဆိုင်နှင့် ဘဏ်ဓားပြတိုက်မှုများ ဖြစ်ပွားနေရာတွင် မည်သည့် ဘဏ်ဓားပြတိုက်မှုကိုမှ ဖိဖိစီးစီး ကိုင်တွယ်နိုင်ခြင်းမရှိတော့သဖြင့် အကြမ်း ဖက်စစ်ကောင်စီက ဘဏ်မန်နေဂျာများကို အစည်းအဝေး ဖိတ်ခေါ်လိုက်ကြောင်း သိရှိရသည်။

မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးက ဇူလိုင် လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်းတွင် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ခေါ်ယူမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် လုယက်မှုနှင့်ဓားပြ တိုက်မှုများကို အချိန်နှင့်တပြေးညီ တရားခံ ဖမ်းဆီးနိုင်ရေး လုံခြုံရေးအစီအမံများ ရှင်း လင်းပြောဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကတော့ ကျနော်တို့ ကလေးတွေကို အကြမ်းဖက်ဆိုပြီး စွပ်စွဲတာပေါ့။ တကယ်လုပ်နေတာက သူတို့လူတွေဗျ။ ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် စစ်တပ်က ပျူစောထီးများနှင့် ပြည်သူ့လုံခြုံရေး အဖွဲ့များ ဖွဲ့စည်းထားပြီး လက်နက် ထုတ်ပေးမှုများရှိနေကာ ယင်းအဖွဲ့များသည် ဘဏ်ဓားပြတိုက်မှုနှင့် လုယက်မှုများတွင် အဓိက ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article