30 C
Yangon

ဂန့်ဂေါနှင့်ထီးလင်းမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှင့်မိခင်ဖြစ်သူတို့သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့်ထီးလင်းမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးနှင့်မိခင်ဖြစ်သူတို့သေဆုံးပြီး သားအဖနှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူတောရနယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ‌ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး ဗုံးစထိမှန်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းလေးနှင့် အသက် ၅၀ အရွယ်မိခင်ဖြစ်သူတို့သေဆုံးကာ ဖခင် ဖြစ်သူနှင့် အမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဂျက်ဖိုက်တာ ၆ စီးနဲ့လာပြီး ဗုံးကျဲသွားတာ၊ ၈ ကြိမ်လောက်ရှိတယ်။ မိသားစု ဝင် ၄ ဦး လုံးထိခိုက်တာ၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးသေတယ်။ မိခင်ဖြစ်သူလည်း သေ တယ်၊ အမဖြစ်သူက ခြေ ထောက်ဖြတ်ရမယ်၊ ဖခင်ဖြစ်သူကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။ပြည်သူ လူထုကို ပစ်မှတ် ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သွားတာဖြစ်ပါတယ်” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မတ်လ ၁၆ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ထီးလင်းမြို့နယ်တောင်ပိုင်းတနေရာကို စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင်အတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူ များအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလိုက်နာနေထိုင်ပေးကြပါရန် နှင့် ဗုံးခိုကျင်းများခိုင်ခိုင်မာမာတူးထားကြပါရန် ယောအလင်းတန်းက မေတ္တာရပ်ခံတိုက်တွန်းထား သည်။

ဓာတ်ပုံ- စစ်တပ်က မတ်လ ၁၅ ရက်နေ့ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျှောဖောင်များကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article