27 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာ့နိုင်ငံရေးမှာ ဘောင်းဘီဝတ်ကနေ လုံချည်ဝတ်ကို ပြောင်းလဲပြီး မိမိကိုယ်ကို သမ္မတ တင်မြှောက်မည့် မင်းအောင်လှိုင်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာကို လှည့်စားလို့ ရမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတိပေးပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ တရားမဝင်လွှတ်တော်ကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် တရားဝင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့မှာ TNLA ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က MNDAA နဲ့ သွားရောက် ဆွေးနွေးနေပြီး ၂ ဖက်တင်းမားမှုတွေအတွက် ပြေလည်ဖို့ အလားအ လာများတယ်လို့ အဲ့ဒီ့ဖြစ်စဉ်ကို သိရှိထားတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အမေရိကန်သမ္မတ ထရန့် ရဲ့ တရုတ်ခရီးစဉ် အတည်မဖြစ်သေးတဲ့အတွက် အမေရိကန်နဲ့ ဆက်သွယ် ညှိနှိုင်းနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြောလာပါတယ်။ လာမယ့် မတ်လကုန်မှာ သွားရောက်ဖို့ရှိတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ လောလောဆယ်အတည်မပြုသေးပဲ အမေရိကန် အစိုးရနဲ့ ညှိနှိုင်းနေဆဲသတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article