23 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

Kaung For You နဲ့ပတ်သက်လို့ စစ်တပ်ရဲ့ ဖမ်းဆီးမှုအန္တရာယ်ရှိနေတဲ့ CDM ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်း သူတွေကို လက်ခံကြိုဆိုမယ်လို့  KNU ဗဟိုအလုပ်အမှုဆောင်ပဒိုစောတောနီးက တရားဝင် အသိပေးပြောဆို လိုက်ပါတယ်။

-မန္တလေးမှာ ရွှေဆိုင်နဲ့ ဘဏ်ဓားပြတိုက်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး ဘဏ်ဓားပြတိုက်မှုတစ်ခုကိုမှ

ဖိဖိစီးစီးကိုင်တွယ်နိုင်တာမရှိလို့ အကြမ်းဖက်စစ်ကောင်စီက ဘဏ်မန်နေဂျာတွေကို အစည်းအဝေး ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။

– ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်စစ်ဆေးရေး ဂိတ်ပေါက် ၂ ခုကို ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ UG လူငယ်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို Silver Coin N/Oka အဖွဲ့နဲ့  မြောက်ဥက္ကလာသမိုင်းမရိုင်းစေချင်လူငယ်များအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ACPLF Ranger အဖွဲ့က ပံ့ပိုးကူညီပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

– ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးလှရွှေကို ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က ကျောက်တော်ကနေ ပုဏ္ဏားကျွန်းကိုပြန်လာချိန် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

– မင်းအောင်လှိုင် ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာ နေဝင်ချိန် နီးလာတာနဲ့အမျှ ပိုမိုရက်စက်ကြမ်းကြုတ် လာနေတဲ့ရာဇဝတ်ဂိုဏ်းဖြစ်လာနေပြီး စစ်ကောင်စီကို ချေမှုန်းဖို့ အားလုံးစုစည်းတော်လှန်မယ့်မဟာဗျူဟာကို အကောင်အထည်ဖော်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article