23 C
Yangon

မိုးဗြဲတွင် စစ်တပ်က စစ်ကြောင်းထိုးလာပြီး မြို့လယ်ခေါင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စည်ကား ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပြီး ပြည်သူပိုင်နေအိမ်များ မီးလောင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာပြီး မြို့လယ်ခေါင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် မိုးဗြဲမြို့လယ် စည်ကားရပ်ကွက်အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပြီး ပြည်သူပိုင်နေအိမ်များ မီးလောင်နေကြောင်း မိုးဗြဲဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲဘက်သို့ စစ်ကြောင်းများ ဝင်ရောက်လာပြီး ပစ်ခတ်မှုများစတင်ကြောင်း၊ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်အထိ စစ်တပ်က လက်နက်ကြီးများဖြင့် မိုးဗြဲမြို့လယ်သို့ ဆက်တိုက်ပစ်ခတ်ပြီး ပြည်သူများ တိမ်းရှောင်ရကြောင်း၊ ပြည်သူပိုင်နေအိမ်တချို့ လက်နက်ကြီး ကျရောက် မီးလောင်နေကြောင်း သိရှိရသည်။

“မနက်အစောကြီးကတည်းက စဖြစ်တာ။ အခုတော့ ငြိမ်နေတယ်။ လမ်းတွေတော့ ပိတ်နေပြီ။ စည်ကား ၃ ရပ်ကွက်ထဲက လူနေအိမ်တချို့ လက်နက်ကြီးကျည်ထိပြီး မီးလောင်နေတယ်။ ပြည်သူတွေ ထိခိုက်တာတော့မရှိသေးဘူး။ အခြေအနေတော့ ဆိုးတယ်” ဟု မိုးဗြဲ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက လက်ရှိအခြေအနေကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

မိုးဗြဲရှိ စစ်ရေး သတင်းရင်းမြစ်တချို့ကမူ လက်ရှိတွင် စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနိုင်ကြောင်း၊ စစ်တပ်ဘက်က နယ်မြေစိုးမိုးမှုအတွက် ရည်ရွယ်သည့် ထိုးစစ်ဆင်လာသည့်သဘောဖြစ်နေကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article