36 C
Yangon

မရမ်းကုန်းမြို့နယ် ၊ အမှတ် ၅ ရပ်ကွက်အတွင်းရှိ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့်စည်ပင်က ယနေ့နံနက်ပိုင်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အင်အားသုံး အတင်းအဓမ္မ ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် ၅ ရပ်ကွက်အတွင်းရှိ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့်စည်ပင်က ယနေ့နံနက်ပိုင်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အင်အားသုံး အတင်းအဓမ္မ ဖျက်ဆီးနေကြောင်း အဆိုပါရပ်ကွက်အတွင်းမှ ပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သဇင်ရုံလမ်းအတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က စစ်ကား၊ ဘက်ဖိုးကားများ အပါအဝင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အဆိုပါ နေအိမ်များကို ဖျက်သိမ်းရာတွင် သက်ဆိုင်ရာမှ တရားဝင် ဖျက်သိမ်းကြောင်း အမိန့်စာတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်မိန့်ဖြင့်သာ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ မတ်လ ၁၉ ရက်နေ့ နှုတ်မိန့်ဖြင့် ကြိုတင်သတိပေးမှု အချို့ရှိခဲ့သော်လည်း ယနေ့တွင်မူ ရပ်ကွက်ဥက္ကဋ္ဌ ကိုယ်တိုင်လိုက်ပါလျက် ဘက်ဖိုး (Backhoe) မြေတူးစက်များ၊ ဖောကားများနှင့် စစ်ကားများကို အသုံးပြုကာ အင်အားသုံး ဖျက်သိမ်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နေလာတာ နှစ် ၄၀ ကျော်နေပါပြီ။ သူတို့ အင်အားသုံးဖျက်နေတာ ပြည်သူတွေက လမ်းပေါ်မှာ ရပ်ကြည့်နေရတယ်။ အိမ်တွေကို ဝင်ဖျက်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ရပ်ကွက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သစ်တောဌာနမှ တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ပါဝင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရပ်ကွက်ဖျက်သိမ်းမှုတွင် ဘက်ဖိုးယာဉ် ၂ စီး၊ ဖောကား ၂ စီးနှင့် စစ်ကား ၂ စီးခန့်ဖြင့် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ရပ်ကွက်ရှိ နေအိမ်များကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပက် ခိုင်လုံသည့် အကြောင်းပြချက်နှင့် တရားဝင်စာရွက်စာတမ်း ထုတ်ပြန်ခြင်းမရှိဘဲ ရုတ်တရက် ဖျက်သိမ်းခံရမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်မှ မိသားစုဝင်များမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article