ရန်ကုန်၊ ဇူလိုင် ၁၈
ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂနှင့် ဆားလင်းကြီးမြို့နယ် ကျောင်းသားများ သမဂ္ဂမှ အမှုဆောင်၊ အဖွဲ့ဝင်များ ပူးပေါင်းကာ ၇၅ နှစ်မြောက် အာဇာနည်နေ့ အကြို အဖြစ် နွေဦးတော်လှန်ရေးတွင် ရဲဝံ့စွာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများ၏ ဂူဗိမာန်ရှေ့၌ ခေတ်အဆက်ဆက် အာဇာနည်သူရဲကောင်းများ၏ ပေးဆပ်ခြင်းများကို နှလုံးသွင်း၍ ဆက်လက်တော်လှန်ရန်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။