27 C
Yangon

ကောလင်းမြို့နယ်၊ ဖလဲရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဖလဲရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၁ မိနစ်ခန့်တွင် ကောလင်းမြို့နယ် အ‌‌ရှေ့ခြမ်းရှိ ဖလဲရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ က ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ကျနော်တို့ သိရတော့ စစ်ဘေးရှောင် ပြည်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၂ ဦးရှိတယ်။ စစ်ခွေးတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲ တိုက်ခိုက်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကောလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အဓိကထားပြီး အသိ၊ သတိကြီးစွာဖြင့် နေထိုင်ကြပါရန်နှင့် လူစုလူဝေးများပြုလုပ်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article