35 C
Yangon

မင်းအောင်လှိုင် စစ်ဦးစီးချုပ်အဖြစ် နောက်ဆုံးတက်ရောက်မည့် ၈၁ နှစ်မြောက် စစ်တပ်နေ့ အခမ်း အနားသို့ နေပြည်တော်မှ ဝန်ထမ်းများအားလုံး မဖြစ်မနေ တက်ခိုင်း

Must read

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် စစ်ဦးစီးချုပ်အဖြစ် နောက်ဆုံးတက်ရောက်မည့် ၈၁ နှစ်မြောက် စစ်တပ်နေ့ အခမ်းအနားသို့ နေပြည်တော်မှ ဝန်ထမ်းများအားလုံး မဖြစ်မနေ တက်ခိုင်းနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် မတ်လ ၂၇ ရက်နေ့ ကျရောက်သည့် စစ်တပ်၏ ၈၁ နှစ် မြောက် နှစ်ပတ်လည်နေ့သို့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် နောက်ဆုံးအကြိမ် တက်ရောက် စကား ပြောမည်ဖြစ်ကြောင်း၊ အဆိုပါ ပွဲတွင် စက်သုံးဆီ ပြတ်လပ်မှုများရှိနေသာ်လည်း စစ်ဘက်ဆိုင်ရာ လေယာဉ်၊ ယာဉ်၊ အမြောက်တင်ကား၊ ယန္တရားများအားလုံးကို အင်ပြည့်အားပြည့် ထုတ်ဖော်ပြသမည့်အပြင် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံးကိုလည်း အခမ်းအနားသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

“စစ်ကြောင်းကြီးတွေ ချီတက်တဲ့နေရာတွေမှာ သွားကြိုဆိုရမယ်။ စစ်ရေးပြကွင်းမှာလည်း သွားရမယ်။ ဝန်ကြီးဌာနအလိုက် တပ်မတော်နေ့ အခမ်းအနားတက်ရမယ့်သူ စာရင်းတွေ ပေးရတယ်။ ဝန်ကြီးဌာနတွေအားလုံး တက်ရမှာ” ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ် ဦးစီးချုပ် ရာထူးမှ အနားယူမည်ဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသော ဒုတိယသမ္မတ အဖြစ် အမည်စာရင်း တင်သွင်းရန် ရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့် စစ်တပ် ဦးစီးချုပ် ဖြစ်လာခြင်းဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းယူသည့်ကာလ ၁၅ နှစ်ပြည့်မည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article